အပြုံးတွေ မိုးသီးမိုးပေါက်တွေလို ကြွေကြွေချ....
တဆတ်ဆတ် တုန်ရီနေတဲ့ လက်ကလေးက ချမ်းအေးမှုကြောင့် ဖြစ်နိုင်ပါရဲ့....
ကမ်းစပ်ကိုတက်မလာတဲ့ ခွပ်လှိုင်းလေးတွေကြားမှာ.... ငါ့ မာန်မာနများ... မျောမျောကျ....
တကယ်တော့... အရာအားလုံးက ဟိုး... မိုးပေါ်က ရွာချလာတဲ့မိုးစက်ကလေးတွေလို့.... မြင်သာမြင်လိုက်ရတယ် အရာထင်မှုတွေပျောက်ဆုံး.... ငါ့မျက်စိရှေ့ကတင် ဝေးးးး.......ဝေးးးး .... သွားပါတော့တယ်.....
ခြေထောက်ကလေးထိုးခံပြီး ဆောက်ထားတဲ့ သဲအိမ်ကလေးက မတည်မြဲခဲ့တာ အပစ်မရှိပါဘူးနော်... ငါ လိုသလိုပုံမသွင်းခဲ့ဖူး... ငါ့သဲအိမ်ကလေး ပျက်စီးမှာကို ငါသိတယ်... ဒီတော့ ခြေထောက်ကလေးကို မလှုပ်ဖူး... ငါ့ သဲအိမ်ကလေးကိုပေါ့ ငြိမ်ငြိမ်လေးပါပဲ.... ငါ... ကြည့်နေပါရစေ....
လောဘဒေါသမောဟ ချုပ်ငြိမ်းရာကို ငြိမ်းချမ်းခြင်းလို့ခေါ်သတဲ့.... ငါ့မှာ အရာအားလုံးအတွက် အကြိမ်ကြိမ် ဒူးထောက် လက်မြှောက်ခြေနင်းဘက်ရောက်နေတဲ့ စိတ်တွေကို ခြေနင်းဘက်မှာပဲထားခဲ့.... ဘာလို့ မြေနိမ့်ရာကိုမှ လှံတွေစိုက်ထိုးခဲ့ကြသလဲ.... ရှုံးပြီးရင်းရှုံးနေတဲ့ အရှုံးသမားအတွက် လှောင်ပြောင်သရော်မှု ပန်းကုန်းတွေ အလီလီစွပ်ခဲ့... ငါ မသယ်နိုင်လောက် ငါ့အရှုံးတွေ အနိုင်ရနေလိုက်တာ.... မောလှပါပီလို့မငြင်းရဲခဲ့.... တကယ်တော့ ငါ တော်တော်ကြီး မောနေခဲ့ပါပြီ......
နင်မှားခဲ့တယ်... မဟုတ်ဘူး... နင်မှန်ပါတယ်...
အမှားအမှန်တစ်ခုအတွက် လောကကိုရပ်တည်နေတဲ့သူ ငါမဟုတ်ပါဘူးကွယ်... ငါက ငါလုပ်နိုင်တာလေးကိုလုပ်ပြီး ငါ့ခြေထောက်ပေါ် ငါရပ်လုရပ်ခင် အနိုင်နိုင်ထိန်းမတ်နေရတဲ့ သူတစ်ယောက်ပေါ့... ဘ၀မှာ အခါးဆိုတာထက်ခါးတာတွေလည်း မျိုမျိုချခဲ့.... အခါးကိုဖြေဖို့ အချဉ်ကိုလည်း စားသုံးသင့်ရင်စားသုံးခဲ့... တခါတရံ ငါမဟုတ်တဲ့သူတွေသောက်သုံးတဲ့ အချိုဆိုတာတွေကိုလည်း မျှော်ကြည့်ခဲ့ဖူးပါတယ်.... ဒီလိုနဲ့ ခါးသက်မှုတွေကြားမှာ မျောလွင့်နေတဲ့ အချိုဓါတ်လေးဟာ ....
ပါးရိုက်လို့ နားကိုက်မယ်ဆိုတဲ့ စကားပုံတစ်ခုကို ခပ်တည်တည်ရပ်ကြည့်ဖူးတယ်... လောကမှာ လုပ်ချင်တာလုပ်ခွင့်ရလောက်အောင် ငါ့စိတ်တွေက ဘာလို့မလွတ်လပ်ခဲ့တာလည်း.... လူတစ်ကာချစ်တဲ့ တည်ငြိမ်ရင့်ကျက်မှုလေးတစ်ခုရဖို့ ငါဘယ်လောက်ချုပ်တည်းခဲ့ရဖူးသလဲ... အရာအားလုံးနဲ့ သင့်တင့်အောင် နေထိုင်နိုင်ဖို့ ငါဘယ်လောက် သည်းခံခဲ့ရဖူးသလဲ...
လောကမှာ လူတိုင်းနဲ့သင့်တင့်အောင် နေထိုင်နိုင်မယ့် နည်းလမ်းတစ်ခုကိုပေးမယ်....
လူဆိုတဲ့ အမျိုးက ကိုယ်ထက်နောက်ကျနေတဲ့သူ ကိုယ့်ထက် ရှုံးနိမ့်နေတဲ့သူ ကိုယ့်ထက်ဆင်းရဲတဲ့သူ ကိုယ့်လောက်မအောင်မြင်တဲ့သူ ကိုယ့်ကိုအောက်ကျို့တဲ့သူ ကိုယ့်ကိုခယတဲ့သူ အရာရာအားလုံးပေါ့ ကိုယ့်ထက်နိမ့်ကျနေတဲ့သူ ကိုယ့်ကိုအနိမ့်ကျခံတဲ့သူကိုမှ စိတ်သင့်တင့်လေ့ရှိတတ်ကြတယ်....
ဒီတော့ အားလုံးနဲ့ သင့်တင့်အောင် အချိုးညီအောင် နေထိုင်ချင်ပြီ နေထိုင်လိုတယ်ဆိုရင်ပေါ့လေ...
ဒူးထောက်ထားလိုက်ပါ.... သိရင်လည်း မသိသလိုနေပါ... အောင်မြင်နေရင် ရှုံနိမ့်သလိုနေပါ... ပိုက်ဆံရှိရင် မရှိသလိုနေပါ... ရှည်ရှည်ဝေးဝေးပြောရရင် ဆန့်ကျင်ဘက်နေပါ.... လက်ရှိကိုဆန့်ကျင်ပြီးနေရင် စိတ်သွားတိုင်းကိုယ်ပါ ခင်မင်ချင်သူတွေပေါပါလိမ့်မယ်....
မင်းခိုက်စိုးစန် ရဲ့ စုန်းက ငါ့ခန္ဓာမှာပါ ၀င်ရောက်ပူး..... ငါသည် စုန်းစစ်စစ်တစ်ကောင်သာလျှင်ဖြစ်ခဲ့.... ငါလိုချင်တဲ့အရာတွေကတော့ ငါနဲ့ တဖြည်းဖြည်းဝေးးးးးးးးးးးးးးးးးး သွား................. ခဲ့...........တယ်.....
မျက်ရည်မကျပဲ လွမ်းရတဲ့ အလွမ်းတွေက ပိုပြီးနက်ရှိုင်းတယ်ဆိုယုံမလား.... မျက်လုံးနဲ့ ငိုတာထက် ရင်ဘတ်ထဲက ငိုဖို့က ပိုခက်ပါတယ်......
နှုတ်ခမ်းကထွက်တဲ့စကားလုံးတွေထက် ရင်ဘတ်ထဲက စကားတွေက ပိုစစ်တယ်....
ခေါင်းခါ ခေါင်းညိမ့်ရုံနဲ့ အသိတစ်ခုကို အသိအမှတ်ပြူတတ်ကြတယ်.... ငါ့ဦးနှောက်ထဲမှာ ငါ..... ခေါင်းညိမ့်နေခဲ့သလား.... ငါ... ခေါင်းခါနေခဲ့သလား.....
ကျောချချ မချချ ဓါးပြဆိုရင်တော့ ငါမသိချင်တာ အမှန်ပါ....
ခါးသီးလိုက်တာ...
ခါးသီးလိုက်တာ....
ခါးသီးရင်းအေးစက်လာတဲ့ အရာတွေက ......
အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဘာကိုမှမတွေးပါရစေနဲ့တော့....
ပြီးတော့.....
ဘာကိုမှလည်းမရေးပါရစေနဲ့တော့.....
နောက်ပြီးတော့...
ဘာကိုမှမသိပါရစေနဲ့တော့....
ထပ်ပြီးတော့ပြောမယ်......
ရောက်လေရာဘ၀တိုင်း၌ မသိမမြင်မကြားမတွေးတတ်သောသူသာ ဖြစ်ရပါစေလို၏ဘုရား.......................
နောက်ဆုံးမှာတော့.... အရာအားလုံးက..............ဟိုးးးးးးးးးးးးး............... အဝေးဆုံးမှာ....................... ပျောက်ကွယ်....................... တဖြေးဖြေး........................ ဝေးးးးးးးး.............ဝေးးးးးးး..............ဝေးးးးးးးးးးး...............သွားပါတော့တယ်.....
Subscribe to:
Post Comments (Atom)
0 comments: