သူ့အတွက်ဆိုရင်ပေါ့............
ရင်ဘတ်နဲ့ ရင်းထားတဲ့ အရင်းနှီးတိုင်းကို အဆင်သင့်ပေးလိုက်ဖို့ အသင့်ရှိနေခဲ့တယ်....
ရာဇ၀င်ထဲက နေ့စွဲလေးတစ်ခုဟာ ချစ်သူများနေ့ဖြစ်တယ်... ကျွန်မနဲ့ သူ့အတွက်ကတော့ နေ့ရက်တိုင်းဟာ ချစ်သူများနေု့ဖြစ်တယ်....
မိုးသက်လေပြင်း ကျရောက်သင့်တဲ့ နေ့ကလေးတစ်ခုမဟုတ်ပဲ ကျွန်မချစ်သူနဲ့ ကျွန်မရဲ့ အစောပိုင်းနေ့ရက်တွေဟာ မိုးနံ့လေးတွေနဲ့ စွတ်စိုနေခဲ့တယ်... တကယ်တော့ ဧပြီဟာ ထင်တာထက် ပိုပူသင့်တယ်....
ကျွန်မရက်နေ့ရက်တိုင်းကို ဓါးပြတိုက်ယူချင်တဲ့ ကောင်ကလေးဟာ ကျွန်မဘ၀ထဲကို တဇွတ်တိုးဝင်ရောက်ခဲ့တယ်... ချစ်သူက သိမ်မွေ့နူးညံ့သူလည်းမဟုတ်ခဲ့.... ကြမ်းရှခက်ထန်သူလည်းမဟုတ်ခဲ့.... တကယ်တော့ ကျွန်မရာဇ၀င်ထဲက သတို့သားလေးက အလိုက်အလျားသင့်နေတတ်တဲ့ ကောင်ကလေးဖြစ်တယ်...
ပြုံးနေတဲ့ မျက်နှာလေးတစ်ခုရဖို့ ဘယ်လိုကြိုးစားရမလဲ အဆင့်သင့်ဖြစ်နေတဲ့ကောင်လေး... တနည်းပြောရရင် ကျွန်မဘ၀ကို လူသားဆန်လာအောင် ထုဆစ်ခဲ့သော ပန်းပုဆရာ ဒါမှမဟုတ် ကျွန်မရဲ့ စိတ်တွေကို အရောင်ခြယ်ပေးခဲ့တဲ့ ပန်းချီဆရာ ဒါမှမဟုတ် ကျွန်မဘ၀ရဲ့ အမှားတွေကိုပြင်ဆင်ပေးခဲ့တဲ့ ကျောင်းဆရာ... ဒါမှမဟုတ် ကျွန်မဝေဒနာတွေကို ကုစားပေးခဲ့တဲ့ ဆရာဝန် ဒါမှမဟုတ်ရင်တော့ ကျွန်မ ရဲ့ အမှောင်တွေကို မီးမောင်းထိုးပြခဲ့တဲ့ အလင်းရောင်...
စိတ်ကူးယဉ်မထားပါပဲနဲ့ ကျွန်မချစ်သော ကောင်လေးက ကျွန်မကို မြတ်မြတ်နိုးနိုးချစ်တယ်.... ဘ၀မှာ နက်နက်ရှိုင်းရှိုင်းချစ်တတ်အောင် သင်ပေးခဲ့သော ကောင်ကလေးကို ကျေးဇူးတင်တယ်... အချစ်ကြောင့် အရာရာက ပြီးပြည့်စုံနေခဲ့တယ်...
လောကကြီးမှာ ဘယ်အရာကမှ မပြည့်စုံသလို ဘယ်အရာကမှလည်း မတည်မြဲခဲ့ပါဘူး.... တည်မြဲတာတစ်ခုက အချစ်တွေပဲရှိနေခဲ့ပြီး ကျွန်မချစ်သူနဲ့ ကျွန်မဟာ ပင်လယ်သမုဒ္ဒရာတွေခြား ဝေးကွာနေခဲ့တယ်.... နေ့တွေ ရက်တွေ လတွေ မိနစ်တွေ စက္ကန့်တွေ များစွာသော ဝေးကွာမှုတွေနဲ့ ကျွန်မတို့ ရပ်တည်နေခဲ့ကြတယ်... ကျွန်မ အနားမှာ သူက အမြဲရှိနေခဲ့တယ်... စိုင်းထီးဆိုင် နေရာတိုင်းမှာ ဆိုတဲ့ သီချင်းထဲက စာပိုဒ်လေးတစ်ပိုဒ်ကို တဖွဖွ ရွတ်တယ်... ကျွန်မက သူ့အတွက်ဆိုရင် ဘယ်လောက်စောင့်စောင့် မမောတတ်ခဲ့ဘူး....
တခါတလေမကတဲ့ ကျွန်မရဲ့စိတ်ရိုင်းတွေကို ရှင်းလင်းပေးခဲ့သူက ချစ်သူဖြစ်တယ်... ကျွန်မက ဘယ်အရာကိုမဆို စိတ်ထင်တိုင်းကြဲတတ်သူ ၊ အားမနာတတ်သူ၊ အားနာပြန်ရင်လည်း တဖက်စွန်းရောက်တတ်သူ၊ အရွဲတိုက်သန်တဲ့သူ၊ ဂျစ်တစ်တစ်နိုင်တဲ့သူ၊ ကျွန်မရဲ့ အားနည်းချက် အားသာချက်ပေါင်းများစွာကို သီအိုရီ ပုစ္ဆာတွေလို တွက်ချက်နေတတ်တဲ့ကောင်လေးက ကျွန်မရဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်ခဲ့တယ်...
ရိုးသားခြင်းပေါင်းများစွာနဲ့ အရိုးသားဆုံးဝင်ရောက်လာတဲ့ ချစ်သူလေးကို ကျွန်မက ရိုးသားစွာချစ်တယ်...
လိုအပ်ချက်ဆိုတာ မရှိခဲ့ဘူး... ကျွန်မအနားမှာ သူသာရှိမယ်ဆိုရင် အရာအားလုံးကို စွန့်လွှတ်ပစ်လိုက်ဖို့ထိ သတ္တိတွေရှိနေခဲ့တယ်...
မျက်နှာတစ်ချက်ညိုမှာကြောက်တဲ့သူ.....
မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ချစ်တဲ့သူ....
ကလေးတစ်ယောက်လို အမြဲပူပန်စိုးရွံ့စွာ အရိပ်တကြည့်ကြည့်ချစ်နိုင်တဲ့သူ....
လူတိုင်းက ဒီလောက်တောင်လား မေးယူရလောက်အောင်ချစ်ပြနိုင်ခဲ့တဲ့သူ....
သံသရာစက်ဝိုင်းက သူ့အတိုင်းလည်ပတ်နေတယ်... ချစ်သူ ကို စောင့်ရတဲ့ရက်တွေလည်း တစ်ပတ်လည်လောက်ပီထင်ပါရဲ့....
တဖြည်းဖြည်းနဲ့ ကျွန်မတို့ ချစ်သူနှစ်ဦး ဆုံနိုင်ဖို့ နီးစပ်လာလောက်ပါပြီနော်..... အမြဲတမ်းပြုံးကြည့်နေနိုင်ဖို့ ကျွန်မအနားမှာ အမြဲနေပေးပါလားချစ်သူ... ပြီးတော့ ကျွန်မကို ဂျစ်မတိုက်ဖို့ အမြဲဆုံးမပေးပါဦး..... အရာရာကို ဆန့်ကျင်ဘက်လုပ်တဲ့ကောင်မလေးက ချစ်သူကိုတော့ မဆန့်ကျင်ပဲချစ်ခဲ့ တယ်ဆိုတာလေး တစ်ခုအတွက်နဲ့ပေါ့.....
မိုးလေးဖွဲဖွဲရွာနေလည်း လွမ်းတယ်....
နှင်းတွေ တဖွဲဖွဲကျနေလည်းလွမ်းတယ်....
နေတွေခြစ်ခြစ်တောက် ပူနေလည်း လွမ်းတယ်....
မျက်လုံးတွေ ဖွင့်နေတဲ့ချိန်တိုင်းလည်း လွမ်းတယ်....
မျက်လုံးတွေ ပိတ်ထားတဲ့ အချိန်တိုင်းမှာလည်း လွမ်းတယ်....
အဆိုးဆုံးကတော့..... အသက်ရှုတိုင်းလွမ်းနေတတ်တာပါပဲ.................
ရာဇ၀င်ထဲက နေ့စွဲလေးတွေ အသက်ရှည်ဖို့ ကျွန်မတို့ အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း ၊ နားလည်ခြင်း၊ ချစ်မြတ်နိုးခြင်း တွေပေါင်းစပ်ဖွဲ့စည်းထားတယ်....
ချစ်သူအသက်ရှုသံတွေနဲ့ ကျွန်မ အသက်ကိုဆက်တယ်...
ချစ်သူရဲ့ မြတ်နိုးခြင်းတွေနဲ့ ကျွန်မရပ်တည်မှုတွေဆက်တယ်...
ချစ်သူရဲ့ အပြုံးတစ်ခုနဲ့ ကျွန်မအိမ်မက်တွေကိုဆက်တယ်...
ချစ်သူရဲ့ ရင်ခွင်တစ်ခုရဲ့ ကျွန်မနွေးထွေးခြင်းတွေကိုဆက်တယ်...
ချစ်သူရဲ့ ရနံ့လေးတွေနဲ့ ကျွန်မမျှော်လင့်ခြင်းတွေကိုဆက်တယ်...
ချစ်သူဟာ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်သူဟာ...................................
ချစ်သူဟာ >>>>>>>>>>>>>>>>>
ကျွန်မ ..
ယခု....
ဘယ်တော့မှ မသေတဲ့ သစ်ပင်လေး စိုက်နေသည်။
Subscribe to:
Post Comments (Atom)
0 comments: