၁)
အမြင်တွေတူဖို့
မျက်ဝန်းနှစ်စုံ
ညှိုနှိုင်းခွင့်မရှိခဲ့ဘူး...
၂)
ရင်ထဲမှာ
သဘောတူညီချက်တွေ အခိုင်အမာချတယ်။
၃)
အလွမ်းတစ်ခုကို
နှုတ်ခမ်းတစ်စုံနဲ့
ဖော်ပြခွင့်မရှိခဲ့ဘူး...
၎)
ကဗျာတစ်ပုဒ်နဲ့
ငါ့သဘောကို ငါသရုပ်ဖော်ခဲ့တယ်။
၅)
အချစ်ဟာ
ဘာဆိုတာအတိအကျမသိဘူး
သေချာတာက ခံစားနေရတယ်။
၆)
ချစ်တယ် လွမ်းတယ် သတိရတယ်
စကားလုံးတွေဟောင်းသွားခဲ့ရင်
ခြေလှမ်းတွေ ပြောင်းသွားနိုင်တယ်။
၇)
ဘယ်ထိချစ်နိုင်မလဲဆိုတာ
ဘယ်သူမှမသိနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ပဲဖြစ်တယ်။
၈)
အလွမ်းတွေ ကျဲပြန့်နေတယ်
အချစ်ကြောင့် လိုက်မကောက်ဖြစ်ဘူး
မျက်ရည်မကျပဲ
လက်ပိုက်ကြည့်နေရုံနဲ့
မတတ်နိုင်ဘူးလို့ သဘောထားလို့ရတယ်။
၉)
လွယ်သလိုလို ခက်သလိုလိုနဲ့
အဲဒီပုစ္ဆာကို ငါက...
ရူးရူးမိုက်မိုက် တွက်တယ်
၁၀)
အဖြေမထွက်ဘူး အကြွင်းမကျန်ဘူး။
ကျေနပ်တယ်
ငါ.. နင့်ကိုချစ်တယ်။
Subscribe to:
Post Comments (Atom)
0 comments: