၁)
စကားလုံးတွေ မသိမ်းဆည်းနိုင်လို့
ခလုတ်ကလေးတွေနှိပ်ပြီး ဖော်ထုတ်တယ်။
နင်က ... ဘယ်တော့မှမအားသလို
ငါက... တကယ်အလုပ်ရှုပ်တဲ့သူပါကွယ်
၂)
အချစ်ဆိုတဲ့ ခံစားချက်တွေပုံဖော်ဖို့
တစ်ယောက်မျက်နှာတစ်ယောက်
တွေ့မြင်ခွင့်မရှိခဲ့ဘူး ..
တစ်ယောက်ကြားအောင်တစ်ယောက်
ပြောပြခွင့်မရှိခဲ့ဘူး ..
၃)
အချိန်တွေနဲ့ နဘန်းလုံးနေရပေမယ့် ငါကျေနပ်တယ်။
၎)
ငါက နင့်ကို....
မြင်နေရရင်လည်းလွမ်းတယ်။
မမြင်ရရင်လည်း လွမ်းတယ်။
၅)
စကားတွေ... စကားတွေ... အများကြီးပေါ့
ပြောခွင့်ရရင်လည်း လွမ်းတယ်
ပြောခွင့်မရရင်လည်း လွမ်းတယ်
၆)
အနားမှာ .... အနားမှာပေါ့..
နင်ရှိနေရင်လည်း လွမ်းတယ်
နင်မရှိရင်လည်း... လွမ်းတယ်
၇)
ကုန်ကုန်ပြောမယ်ဟာ....
ငါ နင့်ကိုအရမ်းချစ်တယ်.....
Subscribe to:
Post Comments (Atom)
0 comments: