ရာစုသစ်တစ်ခုကိုကြိုဆိုကြ...
ဟိုနား ဒီနား
ဖွေးဖွေးလှုပ်အပြုံးတွေ...
ဟိုနား ဒီနား... နဲ့
နဲနဲလှမ်းသော ဟိုးမနီးမဝေး...
သက်တံရောင်မဟုတ်သော သက်တံရောင်များ
တစ်ဆစ်ဆစ်နဲ့ကိုက်သော ညကို အဖော်ပြုကြ
မြို့ပြအလှပါလို့ နှုတ်ခမ်းနီမလေးများ...
လျှပ်ပေါ်လော်လီ ဒူးပေါ်ပေါင်ပေါ်မလေးများ...
ရေမရောပဲသောက်မှ ခေတ်မှီသည်ဆိုသူများ...
အကုန်လုံးက တညီတညွှတ်တဲ့
အော်ဟစ်ကြွေးကြော်ကြ....
ဒီနေ့ရဲ့ မနက်ဖြန်ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်...
ငါ...
ဂယောင်ချောက်ခြားအတွေးက...
မနက်ဖြန်ည ဘာလုပ်မှာလဲမေးသူတွေမေးကြ...
ငါ...
ကစဥ့်ကလျားအတွေးများ
မနက်ဖြန်ည....
မနက်ဖြန်ည...
ဒီလိုနဲ့ ဒီညက မိုးစုန်းစုန်းချုပ်သွားရ......
လူအဟောင်းတွေ....
ပြိုင်တူအော်ဟစ်ခဲ့ကြတဲ့ အပျော်ရင့်ရောင်
ရာစုဟောင်းတွေ....
လူအသစ်တွေ
ပြိုင်တူမျှော်လင့်ခဲ့ကြတဲ့ အလင်းနှစ်ရောင်
ရာစုသစ်တွေ....
ဟိုးနားက ဖြူနေတဲ့ အလွှာလေးက ဆောင်း...
ခပ်ပါးပါးလေး လွင့်နေတာက အတွေး...
ပီးတော့
တစုံတယောက်ကို သတိရမိတာက အလွမ်း....
ပြောတယ်.. မနေ့က ဒီလိုအချိန်မှာ ငါက တကယ့်ကိုသစ်လွင်ခဲ့တဲ့သူတဲ့....
ကောင်းကင်ကိုမော့ကြည့်မိ...
ည... အချိန်တန်ရင် စုန်းစုန်းချုပ်ပြဦးမယ့်သူ...
************
Subscribe to:
Post Comments (Atom)
0 comments: