နှုတ်ခမ်းတွေက သွေ့ခြောက်အက်ကွဲလာတယ်.... တစုံတရာကိုတွေးမိတော့ ခြေလှမ်းတွေက ယိုင်နဲ့နေတဲ့ကြားက အားအင်တွေပြည့်ဖြိုးလာတယ်..... မောဟိုက်မှုတွေကြားက နှလုံးခုန်သံတဒိတ်ဒိတ်ကို ဂီတသံတစ်ခုလို ရင်ခုန်လှိုက်မောလာခဲ့တယ်..... သူမပြေးရမှာပေါ့.... တစုံတရာဆိုတာ သူမရဲ့အားအင်ဖြစ်တယ်.... သူ့အတွက် သူမခြေလှမ်းတွေကိုလဲ စတေးရဲတယ်... သူမနှုတ်ခမ်းတွေကိုလဲ အက်ကွဲရဲပါရဲ့... သူမပြောမယ့်စကားတစ်ခွန်းက သူမထက် သူ့အတွက်ပိုပြီး ၀မ်းမြောက်ခဲ့မယ်ဆိုရင်လေ....
ညမှောင်မှောင်မှာ ဘယ်အရာကသူမကို အလင်းတရားတွေထွန်းလင်းပေးနေခဲ့ပါလိမ့်.... နေရာတစ်ခုကိုနီးလာလေလေ... မောဟိုက်မှုကို ဂရုမပြုမိလေလေ... သူမ စုံမှိတ်အပြေးသွန်ခဲ့ပါရဲ့.... မှောင်ပြပြ လကလေးကလည်း အကြီးမားဆုံးအားအင်ဖြစ်နေပြီ .....ကျွန်မလှမ်းမျှော်ကြည့်လိုက်သည်... တောင်စောင်းလေးအောက်ကို မျှော်လင့်တကြီးကြည့်နေသော ကောင်မလေးတစ်ယောက်ကို အမှောင်ထုကြီးက လှောင်ပြနေသလိုလို.....
ယခင်က ဒီနေရာလောက်ကဆို တဲလေးတွေမြင်နေရပါပြီ... ကျွန်မ ခြေလှမ်းတွေကို ပိုသွက်လိုက်သည်... တောင်စောင်းတလျှောက် လျောဆင်းလိုက်သည်.... ဟင်... အားလုံးက ပကတိတိတ်ဆိတ်လို့.... ဘယ်ရောက်သွားကြတာလဲ..... ဘယ်လိုဖြစ်တာလဲ.... မနေ့ကမှ ဒီနေရာမှာ ချစ်သူနဲ့စကားတွေ ဖောင်ဖောင်ကြဲနေခဲ့သေးတယ်... ခုဘယ်ရောက်သွားတာလဲ..... ကျွန်မသည်.... ဂယောင်ခြောက်ခြား နိုင်စွာဖြင့် ဟိုဒီပြေးလွှားမိသည်.... နှုတ်ခမ်းကလည်း...
မောင်ကြီး.... မောင်ကြီး.... မောင်ကြီးနန္ဒ....
ကလေးမ ဘယ်သူတွေကို အော်ခေါ်နေတာလဲ.... မြန်မာစစ်သားတွေကို လာရှာတာလား....
ဟုတ်ပါတယ် အဘ....
အေး... သူတို့ ဒီမနက်လင်းကြီးမှာပဲ .. စစ်တိုက်ထွက်ရတယ်ကွဲ့... ခု ယောမြစ်ကိုဖြတ်ပြီး စုန်တက်သွားလေရဲ့လေ...
အို... ဘုရားသခင်.....
ဒါဆို ငါတော့ ဒုက္ခရောက်ပြီအဘရယ်.... အဘ ကယ်နိုင်ရင် ငါ့ကိုကယ်ပါ..... ငါ စစ်သူကြီးနန္ဒနဲ့ ချစ်ကျွမ်းဝင်မိလို့ ခုတော့လူပုံလယ်မှာ ပက်လက်မျောပါပေါ့လား.....
တကိုယ်လုံး ချွေးတပြန်ပြန်ဖြင့် မျက်ရည်မဆည်နိုင်စွာဖြင့် မြေပြင်တွင် လူးလိမ့်၍ ငိုကြွေးနေသော အမျိုးသမီးငယ်လေး ကို စိတ်မကောင်းစွာဖြင့် ကြည့်ရှုမိသည်... ခုချိန်တွင် သူမအားနှစ်သိမ့်စရာ တစုံတရာကို သူမမြင်မိ...
သမီးငယ်... ထပါ.... လောက၌ ဖြစ်ပျက်ခြင်းတရားကို ဘယ်သူမှမလွန်ဆန်နိုင်.... ဘယ်အရာမှကြိုတင်မသိနိုင် သောလေကကြီးတွင် အရာရာကိုလွယ်ကူစွာ ဆုံးဖြတ်တတ်ခြင်းသည် သမီးငယ်၏ အကြီးမာဆုံးမှားယွင်းမှုကြီး ဖြစ်ပါ၏ .. သို့အတွက် ၀မ်းနည်းနေ၍ကော အဘယ်အကြောင်းတရားများ ထူးခြားလာမည်တည်း။။။ တစ်ကြိမ်မှ တစ်ကြိမ် ထပ်မံမှားယွင်းခြင်းအမှုကို သင်မပြုလုပ်ပါနှင့်.... သင်၌ သတိတရားခိုင်မြဲပါစေလေ.... တိကျသေချာစွာ သိမှတ်ရသော အဖြစ်အပျက်မဟုတ်ပါပဲနှင့် သင်ဘာကြောင့် ငိုကြွေးဘိသနည်း.... မင်းမှုထမ်းဟူသည် ကိုယ်၏ ခန္ဓာကိုပင် ပိုင်ဆိုင်သူများမဟုတ်... ထို့ကြောင့် ဘုရင့်အမိန့်တော်ဖြင့်ပင် သူတို့သွားကြရကုန်၏.... မင်းမိန့်ဟူသည် လွန်ဆန်၍ ရခြင်းမရှိပေ.... သမီးငယ် ... ဆင်ခြင်ပေလော့......
သူမသည် တွေဝေကြောင်ငစွာဖြင့် အဘစကားများကို ကြားနာမိသည်.... ဟုတ်သည်လေ.... ကျွန်မအယုံကြည် လွယ်ကူခြင်းကြောင့်လော... မောင်ကြီးသည် ဘုရင့်အာဏာဖြင့် သွားရခြင်းကား ဧကန်အမှန်ဖြစ်ပေလိမ့်မည်... မောင်ကြီးမရှိတုန်း မောင်ကြီးရင်သွေးအားမွေးဖွား၍ ငါစောင့်ရပေအပ်....
အဘ... ငါ့ကိုကယ်တင်ပါ.... ငါမှာ မောင်ကြီးနဲ့ ရင်သွေးရခဲ့ပြီ...။ ငါရွာကိုလဲ ပြန်လို့မဖြစ်တော့ပြီ... ငါ့ကို အဘနဲ့ လိုက်နေခွင့်ပြုပါ.... အဘအား ငါ့ဖထီးကဲ့သို့ ငါအမှတ်ရှိပါမည်....
ရပါတယ်... သမီးငယ်... အဘက ဒီမြစ်နားက တောမှာပဲ သီတင်းသုံးပါတယ်.... အဘဝေယျာဝစ္စ အား သမီးငယ်ကူညီရန်မလို... သမီးငယ်စိတ်အေးချမ်းစွာဖြင့် နေထိုင်ရန်သာ အဘ အလိုရှိပါ၏....
ကျေးဇူးတင်လိုက်တာ အဘရယ်... အဘ စကားကြားရတာ... ရင်အေးပါဘိ....
*************************************************************************
ယခုဆိုရင် စောမူတစ်ယောက် ဘယ်လောက်ခံစားနေရလိမ့်.... ဘုရင့်အမိန့်ဖြင့်လာရသော စစ်ကြောင်းတစ်လျှောက်တွင် သူတို့မှာ ရန်သူတွေလည်းတွေ့ခဲ့ရ.... အင်အားသုံးဖြေရှင်းခြင်းတစ်မျိုး.... ဦးနှောက်ဖြင့်သုံး၍ ဖြေရှင်းရသည်က တစ်သွယ်.... တပ်ခေါက်ချိန်ကို မျှော်မှန်း၍ ချစ်သူအားအလွမ်းဖြေနေရသည် ..... သူမနှင့် လွန်ကျူးမိသော နေ့ရက်ကိုတွေးကြည့်သောအခါ သူ့ရင်သည် ပူလောင်ပြင်းပြစွာဖြင့်..... သူ့ကိုစောင့်မျှော်နေမိ ချစ်သူ၏ပုံရိပ်ကို တွေးမိပြန်တော့လည်း အလိုလိုအားအင်တွေဖြစ်ထွန်းလာပြန်သည်... တပ်နားချရင်းတွေးမိသောအတွေးတွေကို ယောပြန်ရောက်မှ ချစ်သူအားအတိုးချပြောပြမည်ဟု တွေးလိုက်မိသည်... ဘာလိုလိုနှင့် သူမနှင့် ခွဲခဲ့ရသောအချိန်က ၃ လကျော်ခဲ့ပြီ.... တပ်ခေါက်မည့်အချိန်ကိုတွက်ကြည့်တော့ မကြာတော့ဘူးဟု သိလိုက်ရသည်..... စိတ်သည်အလိုလို ရွှင်မြူးတက်ကြွလာ၏.....
စစ်သူကြီး.... စစ်သူကြီး
ဘာများတုန်း တပ်မှူးကြီး..... အလန့်တကြားရှိပါစ.....
ဟုတ် ဘုရင့်အမိန့်တော်ပါပါတယ် စစ်သူကြီး....
အေး မိန့်တော်မူစမ်းပါဦး......
စစ်သူကြီးနန္ဒ... သင်တို့ယခုတိုက်သောတိုက်ပွဲမှာ အခြေအနေကောင်းကြောင်း ကြားသိရ၍ များစွာနှစ်လိုမိပါ၏ .... ထို့ကြောင့် အမောင့်အား နန်းတွင်းရောက်လျှင် ကျွန်ုပ်ဆုတော်များပေးသနားမူလိုပါ၏... သို့ပေသည့် အခုရောက်ရှိနေသော .... ယိုးဒယားနယ်စပ်မှ ဗမာပြည် အနောက်ပိုင်း သို့ သင်စစ်ကူဝင်စေလိုပါသည်... ယခုအခါ၌ အဆိုပါနေရာများတွင် မငြိမ်သက်မှုများရှိနေသည်ဟု ကျွန်ုပ်နားသို့ ပေါက်တော်မူ၏ သင့်အားယုံကြည် စိတ်ချစွာဖြင့် ကျွန်ုပ်တာဝန်ပေးအပ်လိုသည်.... အမိန့်စာရပြီးသည်နှင့် သင်တို့ ထွက်ခွာပါလေ.... ကျွန်ုပ်အား သတင်းကောင်းပေးနိုင်မည်ဟု ယုံကြည်ပါ၏....
ကျွန်ုပ်သည် မှန်ပါ့ ဟူသောစကားတစ်ခွန်းပြောပြီးသည် နှင့် စစ်ချီဖို့ပြင်လေ ဟူသောစကားသာ ပြောနိုင်ပါတော့သည်.... ကျွန်ုပ်တပ်ခေါက်လျှင် ယောမြို့သို့ပြန်၍ စောမူအားခေါ်ယူ၍ ပြန်မည်ဟူသော အတွေးတို့သည်... ပျောက်ကွယ်ခဲ့လေပြီ.... ချစ်သူအားယုံကြည်စွာဖြင့် ပုံအပ်ပေးခဲ့သော နှမလေးအား တာဝန်မဲ့ခဲ့လေပြီဟု ယူကြုံးမရဖြစ်မိလေသည်... ကျွန်ုပ်သည်... ယောမြို့သို့ ပို့စာပေးခဲ့သည်... နှမလေးအား သစ္စာဖောက်ခြင်းမဟုတ်ပဲ ကျွန်ုပ်တာဝန်ကို ကျွန်ုပ်ယူမည်... နှမလေးကျွန်ုပ်အား စောင့်ဆိုင်းရန် စာတိုရေးပို့ခဲ့ပြီး... ဆက်လက်ထွက်ခွာသွားရလေတော့သည်......
*************************************************************************
စောမူသည် ရင့်လာသောကိုယ်ဝန်ကိုကြည့်၍ တွေးနေမိသည်... ရွာထဲမှကြားရသောသတင်းများအရ မောင်ကြီးတို့ မကြာခင်ပြန်လာမည်ဟု သိထားသည်.... ရွာမှ ပါဝင်သော စစ်သည်တို့၏ ဇနီးမယားများလည်း သူတို့မောင်တော် ပြန်လာမည့်အတွက် ပြင်ဆင်နေကြပေသည်.... စောမူကတော့ မသွားခင်နှင့် သွားပြီးပြောင်းလဲသွားသော မိမိပုံစံကိုကြည့်၍ ပြုံး မိသည်... မောင်ကြီး ငါ့ပုံကိုမြင်ရင်တော့ ဘယ်လိုဖြစ်သွားမလဲ ဟု စိတ်ကူးထဲပုံဖော်ရင်း ပျော်ရွှင်နေမိသည်......
ဆူဆူညံညံ အသံတွေကြောင့် ကျွန်မွာနားသွားကြည့်မိသည်.... သူတို့ပြန်လာကြပြီလား.....
တန်းစီ၍၀င်လာသော စစ်သည်တွေကြားမှာ ကျွန်မမောင်ကြီးကို ရှာမိသည်... ရွာထဲကသူတွေ၏ အထင်သေးသောအကြည့်တို့ကို ခံနိုင်ရည်နိုင်အောင် ကြိုးစားနေလိုက်သည်...
လူတွေသာဆုံးသွားသည် မောင်ကြီးကိုမတွေ့.... ကျွန်မမနေနိုင်တော့ နောက်ဆုံးမှ လာသောသူတစ်ယောက်ကို မေးလိုက်သည်....
ဒီမှာရှင့်.... မောင်ကြီးနန္ဒတို့ မပါဘူးလားရှင့်... သူဘာဖြစ်လိုပါလဲရှင်....
စစ်သူကြီးနန္ဒကိုပြောတာလား...
ဟုတ်ကဲ့ပါရှင့်...
စစ်သူကြီးတို့က အနောက်ဖက်က ပြန်တယ်လေ... သူတို့အနောက်ဘက်ကို စစ်ချီဖို့တာဝန်ကျတယ်... အမှန်ဆို ကျွန်တော်တို့လည်းပါမှာပါ.... စစ်သူကြီးက ယောနယ်က သူတွေကိုပြန်ခွင့်ပေးလိုက်လို့ပါ....
ကျွန်မသည် ဆွံအစွာဖြင့် လျှောက်လှမ်းလာမိသည်.... ယောနယ်သားတွေကိုတောင် ပြန်ခိုင်းလို့ရတာ သူကဘာလို့မလိုက်လာတာလဲ.... ဘုရင့်အမိန့်ဆိုတာကော ဟုတ်ရဲ့လား... စောမူဆိုတဲ့မိန်းမတစ်ယောက်ကို စွန့်ပစ်ချင်လို့ လုပ်တာမျိုးလား... ငါ့မှာတော့ လူပုံအလယ်မှာ အရှက်တကွဲအကျိုးနည်းခဲ့ရပြီ.... ခုတော့ ဒီအဖေမပေါ်တဲ့ကလေးကို ငါဘယ်လိုမွေးရမလဲ.... ဒီလူယုတ်မာတွေက တစ်နယ်ရောက်ရင် တစ်နယ်သူဆိုတာမျိုးလား.... ငါ......
ဆို့နင့်စွာငိုကြွေးမိရင်း သူမသည် ယောမြစ်ကမ်းသို့ရောက်လာသည်... တဖြည်းဖြည်းလျှောက်လှမ်းလာရင်း သူမသည် မြစ်ကမ်းအရောက် ပစ်လှဲချလိုက်သည်.... ခန္ဓာကိုယ်မှမခံရပ်နိုင်လောက်စွာ... နာကျင်လာသည်... နှလုံးသားတို့သည် ဘာကိုမှတွယ်မှတ်လို့မရအောင် နာကျင်လာသည်.... နှုတ်ခမ်းကို ပြတ်လုမတတ်ကိုက်ထား၍ သူမ သစ္စာဆိုလေ၏....
ငါသည်... စစ်သူကြီးနန္ဒအားစစ်မှန်သော မေတ္တာဖြင့် ချစ်ခင်စုံမှတ်ခဲ့ပါ၏... သူ့အား ခိုင်မြဲသောစိတ်တို့ ဖြင့်စောင့်စားခဲ့ပါ၏.... ထိုမှန်သော သစ္စာစကားကြောင့် ငါ့၏ခန္ဓာပျက်ယွင်းခဲ့သော ဤယောချောင်း၌ မြန်မာစစ်သားတို့၏ သွေးမြေများကျရပါစေလို၏ ဘုရား.... ငါ၏ကျိန်စာသည်.... ဤယောမြစ်နံဘေးတွင် ပေါက်ရောက်နေသော ၀ါးကောက်ပင်များအားလုံး ဖြောင့်ဆင်းချိန်မှသာလျှင် ပျက်ယွင်းရပါလို၏ ဘုရား.....
အင်း.... ငါ၏သမီးငယ်သည် မဆိုအပ်သင့်သော ကျိန်စာကို ကျိန်ဆိုခဲ့ပါ၏လား။။ ဘ၀၏မတည်မြဲခြင်းသဘောကို မသိမြင်သော သမီးငယ်အား တားဆီးရန်ငါသည်...အခါလွန်ခဲ့ပါ၏လား...... သမီးငယ်၏ ရုပ်အလောင်းကို သဂြိုဟ်ပြီးသောအခါ.... သူသည်တောထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်......................
*************************************************************************
တစ်နှစ်ခန့်ကြာသောအခါ.....................
စစ်သူကြီးနန္ဒသည်.... ယောမြို့တလျှောက်မှာ တခါမှမဖြစ်ဖူးတဲ့ ရန်သူတွေဝင်ရောက်နေတယ်...... ဘုရင့်အမိန့်တော်ဖြင့် ထိုနေရာသို့သွားရောက်ရမည်ဟု ဆိုသောအခါ....
...
စောမူရှိသေးလား.....စောမူဆုံးသွားပါပြီ စစ်သူကြီး... လွန်ခဲ့တဲ့တစ်နှစ်လောက်ကပါ......
ဘာတွေဖြစ်လို့လဲဗျာ.....
အင်း သူ့မှာကိုယ်ဝန်လွယ်ထားတာတွေ့တယ်ပြောတယ်..... ရွာထဲကသူတွေနဲ့လည်းမဟုတ်တော့.... သူဘယ်သူနဲ့ဖြစ်တယ်မသိပါဘူး..... နောက်တော့ ကျွန်တော်တို့ တပ်ခေါက်ပြန်လာချိန်မှာ ယောမြစ်ဘေးမှာ ဆုံးသွားတာပဲ.....
ဖြစ်မှဖြစ်ရလေဗျာ.....
ရွာထဲမှာလည်း ဒါမျိုးတွေကို အ၀င်မခံတော့ သူဘယ်မှာသွားနေတယ်လဲ မသိပါဘူး... ကြည့်ရတာ ရှက်လို့သေသလားပဲ..... ဒါမျိုးဖြစ်တုန်းကတော့ မရှက်....
မဟုတ်ပါဘူးဗျာ.... စောမူနဲ့ ဖြစ်တဲ့သူကအခြားသူမဟုတ်ဘူး.... ကျွန်တော်ကိုယ်တိုင်ပါပဲ... ဒီမှာ စစ်ကြောင်းချီတုန်းက စောမူကိုကျွန်တော်ကမြင်မြင် ချင်း ချစ်ခင်စုံမက်ခဲ့တာပါ.....တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတူလို့ မိဘများဆီတောင်းရမ်းမယ်ဆိုချိန်မှာ စစ်ကချက်ခြင်းထွက်ရတော့ အချိန်မရခဲ့လို့ ဘာမှမပြောခဲ့ရတာပါ.... ခုတော့ဗျာ....
************************************************************************
သူသည်ပြိုကွဲပျက်ဆီးနေသော စိတ်ဓါတ်ဖရိုဖရဲတို့ဖြင့် ယောမြစ်ဆီသို့ လှမ်းလာခဲ့သည်.... ချစ်သောသူကလေးသည် ဘယ်နေရာမှာ မြေကျခဲ့ပါလိမ့်.... သူ့အားမုန်းတီး၍ သေဆုံးသွားခြင်းလော.... ဘယ်အရာကိုမှ မခန့်မှန်းတတ်တော့...... စစ်သား၏မျက်ဝန်းမှ မျက်ရည်တို့သွေကျလာခဲ့သည်.....
ဝမ်းနည်းနေသော စစ်သူကြီးကိုကြည့်၍ ပြောရမည့်စကားများဆွံ့အသွားသည်.... မပြောလို့လဲမဖြစ်။။။
စစ်သူကြီး.... စစ်သူကြီး.... ရန်သူတွေအလုံးအရင်း ၀င်ရောက်လာပါပြီ.... ကျွန်တော်တို့ ဘယ်လိုဆက်လုပ်ရမလဲ အမိန့်တော်ရှိပါ......
ခန္ဓာကိုယ်သည်.... အသက်မဲ့သွားမိသည်.... ဘာစကားပြန်ပြောရမလဲ တွေးလို့မရ...... ကိုယ့်ကိုကိုယ် စစ်သူကြီးတစ်ယောက်အဖြစ်ကို မေ့လျော့စွာ.... ဘာစကားမှမဆိုပဲ.... မြစ်ထဲကို ငေးကြည့်နေလိုက်သည်...
စစ်သူကြီး.... စစ်သူကြီး.....
တိုက်.................................................................................................................
ပြောပြီးပြီးခြင်း ထလိုက်သည်......
ရန်သူတွေနှင့် ထွေးလုံးရစ်ပတ်.....................................................................................
စစ်သူကြီး.......
အော်သံတစ်ခုသာကြားလိုက်သည်.... ကျွန်တော့် ခန္ဓာကိုယ်သည်.... လွင့်စင်မြောက်တက်စွာဖြင့် ယောမြစ်ကမ်းဆီ.........
ကျေနပ်ပါတယ်......
ချစ်သူသေခဲ့တဲ့မြေမှာ ကြွေခွင့်ရခဲ့တဲ့အတွက်..............................................................
ဒဏ်ရာများစွာဖြင့်........... ကျဆုံးသွားသော စစ်သူကြီး နှုတ်ခမ်းတွေ ဘာလို့ပြုံးနေပါလိမ့်..........
ကျွန်ုပ်သည်..... ချစ်သူထားအပ်ခဲ့သော ကျိန်စာတို့ကိုပင် အပြုံးဖြင့် ခံယူအပ်ပါသည်..............
စိတ်ကူးဖြင့်ရေးထားသော စာတစ်ပုဒ်ဖြစ်ပါသည်.... ကျွန်မရေးသားထားမှုများတွင် အမှားပါရှိပါက ခွင့်လွှတ်ပြီး ဖတ်ပေးပါရန်...... စာဖတ်သူများချမ်းမြေ့ပါစေ......
Subscribe to:
Post Comments (Atom)
0 comments: