၁)
အမြင်တွေေ၀၀ါးလာတိုင်း
ငါ့မျက်လုံးတွေ မကောင်းဘူးလို့ပဲ
တွေးဖြစ်တယ်
၂)
အသိတွေ ဇောက်ထိုးမိုးမျှော်ဖြစ်တိုင်း
ငါ့ဦးနှောက်တွေ လောင်ကျွမ်းနေလို့ပဲ
တွေးဖြစ်တယ်
၃)
အလုပ်တွေ နှောင့်နှေးလာတိုင်း
ငါ့ ကျွမ်းကျင်မှုတွေ လိုအပ်နေလို့ပဲ
တွေးဖြစ်တယ်
၎)
ရင်ဘတ်ထဲမှာ အောင့်လာတယ်
ငါနဲ့လည်း မနှိုင်းယှဉ်ဖြစ်ဘူး
ဘယ်သူနဲ့မှလည်း မနှိုင်းယှဉ်ဖြစ်ဘူး
၅)
နာကျင်ရင်း ကျေနပ်တယ်
ခံစားရင်း နှစ်သက်တယ်
လွမ်းနေရင်း မြတ်နိုးတယ်
၆)
တစ်စုံတစ်ယောက်ကမေးတယ်
နားမလည်ဘူးတဲ့
ကျေကျေနပ်နပ်ပြုံးတယ်
ငါကိုယ်တိုင်လည်း နားမလည်သေးဘူး။
၇)
ဒီလိုနဲ့……. ဒီလိုနဲ့
ဒီကဗျာကိုဆုံးလိုက်တယ်။
Subscribe to:
Post Comments (Atom)
0 comments: