၁)
မျက်ဝန်းတစ်စုံနဲ့…တွေ့တိုင်း
ငါ့လိပ်ပြာတွေ ယိမ်းထိုးနေခဲ့တယ်။
စိတ်နဲ့ နှလုံးသားနဲ့ ထပ်တူမကျဘူး
နှုတ်ခမ်းက ရိုးသားနေလို့
လွင့်ကျမလာတဲ့ စကားလုံးတွေအတွက်
ငါ့ကို….မုန်းလိုက်စမ်းပါ….။.
၂)
ပေတံတိုင်း အလျားညီခဲ့သလား
ငါ…. ဟာ
တွက်ချက်တတ်သူမဟုတ်ခဲ့ဘူး။
စစ်မှန်ခြင်း တစ်ခုရဲ့နောက်မှာ
ကတိတွေပျောက်ရှသွားခဲ့တယ်..
အတိတ်တွေကို ရဲရဲရင့်ရင့် လွှင့်ပစ်လိုက်တဲ့အတွက်
ငါ့ကို……မေ့ပစ်လိုက်စမ်းပါ…..။
၃)
အစိမ်းခြွေတာထက်
မှည့်လိုကြွေတဲ့ အသီးက ပိုခါးတယ်
ငါဟာ… အပစ်ရှိသူတစ်ယောက်ပါ
အချစ်ရဲ့ ခမ်းနားခြင်းအောက်မှာ
မျက်လုံးတွေ စုံလုံးကန်းခဲ့
နှုတ်ခမ်းတွေ စွံ့အခဲ့
ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အဖြစ်တွေနဲ့ရှင်သန်ခဲ့ရ
၎)
တကယ်တန်းတော့
ငါဟာ…
ဘာမှမထူးခြားတဲ့…
သာမန်မိန်းမတစ်ယောက်ပါပဲကွယ်….
Subscribe to:
Post Comments (Atom)
0 comments: