ပန်းကလေးကဗျာ

Filed under: by:

ပတ်ဝန်းကျင်တစ်ခုလုံး
စိမ်းလန်းနေတဲ့ ညနေတစ်ခု
လိမော်ရောင်နေတစ်စင်း

သူမဟုတ်သလိုဝင်နေတယ်...

အရာအားလုံးက
ပုံမှန်တိုင်း ပြီးသွားမယ်ဆိုတာသိရဲ့နဲ့
မနေ့က အရာတွေကို
ဒီနေ့လို့ မိုက်မဲလှတဲ့ကောင်မလေးက
ထင်နေတုန်း....

လွတ်တဲ့ငါးကလည်းမကြီးဘူး
လက်ထဲမှာရှိတဲ့ငါးလည်းမကြီးဘူး
ငါသေချာသိလိုက်တယ်
ငါက ငါးဖမ်းတတ်သူမဟုတ်တဲ့အကြောင်း

အဝေးမှာနေရင်လည်း မိတ်ဆွေပဲ
အနီးမှာနေလည်း မိတ်ဆွေမှန်းသိရဲ့နဲ့
ခင်မင်မှုကိုတိုင်းတာနေကြသေးတယ်
မောတယ်ပန်းတယ်တော့ မဟုတ်ဘူးဟယ်
ငါက
လမ်းလျှောက်ရမှာပျင်းတယ်....

မတောက်တခေါက်စာလေးတွေရေးပီး
ကဗျာဆရာလို့ပြောရမှာရှက်လို့
ငါတိတ်တိတ်လေးပုန်းနေတယ်
သေသေချာချာကြည့်တော့
ချွေးသီးချွေးပေါက် ကျတဲ့သူတွေထဲမှာ
ငါမပါပါလား....

အောင်မြင်တယ်ဆိုတဲ့လူတွေရဲ့
တံတွေးတစ်စက်လောက်တော့
ငါကတန်ဖိုးရှိချင်မှရှိမယ်..
ငါ့နှုတ်ခမ်းက အပြုံးတွေက
သူတို့ထက်သန့်စင်တာတော့ ယုံပါ...

0 comments: