စံပယ်တွေက
မဖိတ်ခေါ်ဘဲ လွင့်လွင့်လူး
ဟိုး...
နက်ပြာရောင်လွင်ပြင်တစ်ခုမှာ
ကြယ်ဖြူတွေငိုကြွေး
တစ်မှိတ်မှမလင်းလက်ခဲ့တဲ့ည
ငါ့အခန်းက ဒိုင်ယာရီတစ်အုပ်
တိတ်တိတ်လေး မျက်ရည်ကျတယ်...
ဒါက သစ္စာ
ဒါက ခံစားမှု
ဒါက ရင်ဘတ်ထဲကပါလို့
ဒီပါးစပ်က ပြောဖို့စွံ့အ
ကြောင်တိကြောင်တောင်နိုင်တဲ့
မှိုတက်နေတဲ့ အတွေးအခေါ်တစ်ခု
အမှန်တရားတစ်ချို့
မာနကြောင့်မဟုတ်တဲ့ ခံစားမှုနောက်မှာ
ဒူး ထောက် ကျ ရှုံး ခဲ့....
ငါက
ငါဆိုတဲ့ မာနကိုတောင် အကျဉ်းသွင်းချင်တဲ့ကောင်...
ဒါက အမှန်
ဒါက အမှား
ဒါက ယုံကြည်မှု
ဒါက နားလည်မှု
ဒီလို စိတ္တဇနာမ်တွေ ပုံဖော်ပြဖို့ စွံ့အ
ငါက အမှန်တရားကို ရင်ဘတ်နဲ့ပဲစကားပြောတတ်တဲ့ကောင်...
ငါက စကားလုံးတွေနဲ့ အဖြေတစ်ခု မထုတ်တတ်တဲ့ကောင်...
ငါက ရာသီဥတုကို မကြည့်ပဲ အပြင်ထွက်ချင်ခဲ့တဲ့ကောင်...
ငါက သီအိုရီအသစ်တစ်ခုရှာဖို့ ပုစ္ဆာတစ်ပုဒ်တွက်ချင်ခဲ့တဲ့ကောင်...
စံပယ်တွေက
မဖိတ်ခေါ်ဘဲ လွင့်လွင့်လူး
ဟိုး...
နက်ပြာရောင်လွင်ပြင်တစ်ခုမှာ
ကြယ်ဖြူတွေငိုကြွေး
တစ်မှိတ်မှမလင်းလက်ခဲ့တဲ့ည
ငါ့အခန်းက ဒိုင်ယာရီတစ်အုပ်
တိတ်တိတ်လေး မျက်ရည်ကျတယ်...
Subscribe to:
Post Comments (Atom)
0 comments: