နွေးထွေးတဲ့ရင်ခွင်တစ်စုံကို တမ်းတမိတဲ့နေ့... ငါ့နှလုံးသားလေးဖျားနေခဲ့တယ်...
အချိန်ဟာ အချစ်ကိုစားသုံးပြီး အလွမ်းတွေကိုဖွဲ့တည်စေတတ်သလား...အလွမ်းတွေက အချစ်ကိုအဖော်ပြုပြီး အချိန်ကိုကုစားနေတတ်တာလား... အချစ်နဲ့ အလွမ်းကိုဖြစ်တည်စေဖို့ အချိန်ဆိုတာကို ထည့်သွင်းထားခဲ့သလား....
ဘာမှမသိချင်ဘူးအချစ်ရယ်...
ဒီအချိန်ဆိုရင်... ငါလွမ်းသလို မင်းလည်းလွမ်းနေမှာပါပဲ...
အလှမ်းကြမ်းပေမယ့် အနမ်းမခမ်းခဲ့တဲ့ နေ့သစ်တွေကို ငါတို့တူတူစောင့်ကြိုကြမယ်..
ငါ့ရဲ့အနားမှာ ... မင်းအရိပ်တွေ.. မင်းစကားသံတွေ.. မင်းချစ်တတ်တဲ့အရာတွေ.. မင်းမုန်းတတ်တဲ့အရာတွေ.. မင်းမျှော်လင့်ချက်တွေ.. မင်းရဲ့ လိုအပ်မှုတွေ မင်းရဲ့တောင့်တမှုတွေ .... အရာအားလုံး ငါ နဲ့ အတူ ရှိနေတယ်။
မိုးစက်တွေ ခပ်ကြမ်းကြမ်းသွန်းဖြိုးနေသလား... ဖြူစင်တဲ့ နှင်းပွင့်လေးတွေက မင်းရဲ့ အရေပြားလေးကို ကြမ်းတမ်းနေစေသလား.. နွေနေပူပူကြောင့် မင်း စိတ်တွေအိုက်နေသလား.... အရာအားလုံး မင်းရဲ့ကိုယ်စား ငါ့ကိုခံစားခွင့်ပေးပါချစ်သူ...
လွမ်းလို့ သီချင်းတွေနားထောင်ရင်း ပိုလွမ်းလာတယ်...
လွမ်းလို့ စာလေးတွေဖတ်ရင်း ပိုလွမ်းလာတယ်...
လွမ်းလို့ ဓါတ်ပုံလေးကိုကြည့်ရင်း ပိုလွမ်းလာတယ်...
လွမ်းလို့ ဘာပဲလုပ်လုပ် ပိုလွမ်းလာသလို... လွမ်းလို့ ဘာမှမလုပ်လည်း လွမ်းနေတာ... ဘာကြောင့်လဲချစ်သူ...
မွေးဖွားလာကတည်းက တစ်ယောက်တည်းပါလို့ (၂၃)နှစ်လုံးလုံး ငါယုံကြည်ခဲ့ဖူးတယ်...
ဘ၀မှာ အချစ်ဆိုတာ တစိတ်တပိုင်းပါလို့ အာပေါင်အာရင်း သန်သန်ပြောခဲ့ဖူးတယ်...
လောကမှာ အဓိကက မိဘဆိုပြီး ငါအကြိမ်ကြိမ်ရေရွတ်ခဲ့ဖူးတယ်....
ခု...ငါ့ဘ၀ရဲ့ ... အဓိကက ဘာလဲ...
အဓိကနဲ့ သာမညကိုခွဲတတ်ဖို့လည်း မကြိုးစားခဲ့ပါဘူး... ခပ်တိုးတိုးလေးလွမ်းတိုင်း ခပ်သာသာလေးညီးမိတယ်..
မင်းဟာ အဓိကလား သာမညလား....
ငါသေချာမသိဘူး....
သေချာတာတစ်ခုကတော့ မင်း ဟာ ငါ့ရဲ့ ဘ၀ ပဲဖြစ်တယ်....
ငါ့ရဲ့ ရှင်သန်ခြင်း ၊ သေဆုံးခြင်းရဲ့ စေတမာန်ဟာ မင်းပဲဖြစ်တယ်....
အချစ်ချိုချို အလွမ်းခါးခါးကို မှားသောက်ခဲ့သူက မင်းလား ငါလား... သေချာတာတစ်ခုက အခု... ငါ မူးနေတယ်အချစ်ရယ်.....
ဆေးလည်းမှားမသောက်ခဲ့ပါဘူး....
အချစ်ကိုရှာဖွေခဲ့သူလည်းမဟုတ်ပါဘူး...
လမ်းမှားပြီးချစ်တတ်ခဲ့သူလည်း မဟုတ်ပါဘူး...
လမ်းမှန်တယ်ထင်ပြီး ရွေးချယ်ခဲ့တာလည်းမဟုတ်ပါဘူး...
ချစ်သူ...
ငါ့အချစ်ကြွေးတွေ မင်းဆီမှာ တင်နေခဲ့ရင် ဒီဘ၀အကျေဆပ်ပါရစေ အချစ်ရယ်.....
အခု...
ငါ...
လွမ်းနေတယ်...
အလှမ်းတွေ ကြမ်းလိုက်တာ အလွမ်းရယ် ငါ့မှာ မနက်ဖြန်တွေကို ခံနိုင်ဖို့ တော်တော်လုပ်ယူနေရပါတယ်။
Subscribe to:
Post Comments (Atom)
0 comments: