ဝုန်း...
ဂျိမ်း...
မိုးကြိုးကြီးတွေ... ကောင်းကင်မှာ အပြည့်အပြည့်.... အိုး... တစ်ခါမှမြင်ဖူးလိမ့်မယ်လို့ မတွေးထားတဲ့ မြင်ကွင်းတွေ.. ကျွန်မကြောက်လန့်တကြားပါပဲ.... ခြေထောက်တွေကို ကုတ်ယူလိုက်တယ်... ဒီအချိန်မှာ ဘယ်သူ့ကိုမှ သတိမရမိဘူး... ကျွန်မသိတာ.. ဒီမိုးကြိုးတွေအောက်က လွတ်နိုင်ဖို့... လှုပ်လို့မရတဲ့ ခန္ဓာကို ရွေ့ယူလိုက်တယ်.. ကျွန်မပုန်းခိုချင်တယ်... ဒီလုံပါတယ်ဆိုတဲ့ အမိုးတစ်ခုနဲ့ မတင်းတိမ်ချင်ဘူး.... ကြောက်တယ်လို့တွေးပြီး ကြည့်မိနေတဲ့ မျက်လုံးတွေက ဆိုးလိုက်တာ... ကျွန်မ မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်တယ်။ မှောင်အတိကျသွားတဲ့ အရာတစ်ခုကလည်း ကြောက်စိတ်ကို ပိုပြီးမြှင့်တင်ပေးနေတယ်... စုံမှိတ်ထားတဲ့မျက်လုံးတွေကို သတိလက်လွတ် ပြန်ဖွင့်လိုက်တယ်... ကြောင်တိကြောင်ကန်းမျက်လုံးတွေက ကောင်းကင်ကို အစိုးမရပဲကြည့်တယ်...
အလင်းတန်းတွေ ဖျက်ခနဲ.. လက်ခနဲ...
အား.... ကျွန်မကြောက်တယ်.... ကျွန်မကို ကယ်တင်နိုင်သူဟာ... ဘယ်သူဖြစ်မလဲ....
မှောင်မဲနေတဲ့ ကောင်းကင်ကြီးမှာ ပြိုးပြိုးပျက်ပျက် လင်းလက်နေတဲ့ မိုးကြိုးကြီးတွေက လှောင်ရယ်နေကြတယ်...
ကျွန်မခန္ဓာကိုယ်က ဘာလို့ရွေ့လို့မရတာလဲ.... ကျွန်မအကူအညီတစ်ခုခုရလိုရငြား အော်ဟစ်ပစ်ချင်တယ်... ဖေဖေ မေမေ (သို့) တစ်စုံတစ်ယောက် ပေါ့...
နေရာကနေ တိုးရမှာကို ကြိုးစားလို့မရဘူးဖြစ်နေတယ်.... ဆိုးလိုက်တာ... တစ်ခါတစ်ခါ... မတိုးရပဲလွင့်သွားလိုက်.. ကျွန်မစိတ်တွေကို စုစည်းလိုက်တယ်... ဒီနေ့လောက်ထိ ဆိုးရွားတဲ့အတွေ့အကြုံမခံစားဖူးသေးတာ အမှန်.....
ကြည့်နေရင်း ကြည့်နေရင်း... လူတွေ လူတွေ.... ကြောက်လန့်တကြားပြေးသွားပုံတွေ.... လူတွေ လူတွေ ကူကယ်ရာမဲ့... ငိုကြွေးနေပုံတွေ... စားစရာတွေကို တန်းစီအပြေးအလွှား လုယက်စားသောက်နေရပုံတွေ... ကျီးလန့်စာစား.... ခဲမှန်ဖူးတဲ့စာသူငယ်လေလား.... ရေတွေထဲမှာ မျောနေတဲ့... မျောနေတဲ့... လူသေအလောင်းတွေ....
ကျွန်မအတွေးတွေမှာ မြင်ကွင်းတွေ ပတ်ချာလည်နေသည်.... ရုပ်ရှင်ပြကွက်တွေအလား.....
ဒါဆို ခုလိုထပ်ဖြစ်မယ်ဆိုရင်.... သွားပါပြီ....
ကျွန်မ ခေါင်းတွေကိုချာချာရမ်းပစ်လိုက်သည်.....
ဒါတကယ့်အဖြစ်အပျက်တွေလား..... မိုးကြိုးကြီင်္းတွေ... မိုးကြိုးကြီးတွေ....
မဖြစ်ဘူး....
ဒါအစစ်အမှန်မဟုတ်လောက်ဖူး.... ကျွန်မတွေးနေတာတွေလား.....
ကျွန်မ.... မဟုတ်ဘူး.... မဟုတ်ရဘူး....
မျက်စိစုံမှိတ်အော်သံအဆုံးတွင်... ကျွန်မ ၀ုန်းခနဲထလိုက်မိသည်.... ဘေးဘီကိုကြည့်လိုက်တော့... ကျွန်မအနားမှာ ဘယ်သူမှမရှိ.... ပြတင်းပေါက်မှ မြင်ရတာက မှောင်နက်မဲမဲ..... ကျွန်မ အိမ်မက်မက်နေတာပေါ့လေ..... အိမ်မက်ဆိုလည်း မြန်မြန်နိုးလိုက်ပါလားကွာ.... အခုတော့ ကြောက်လိုက်ရတာ...
ချွေးတွေရွှဲနစ်နေသော မျက်နှာကို မသုတ်ခင် ကျွန်မရေအေးအေးတစ်ခွက် ထသောက်လိုက်သည်။
ရေ၏ အေးမြခြင်းကြောင့်လား.... အစစ်အမှန် မဟုတ်ဘူးဆိုသော အသိကြောင့်လားမသိ ကျွန်မစိတ်တွေ ငြိမ်သက်သွားသည်။ နာရီကိုကြည့်လိုက်တော့ မြန်မာစံတော်ချိန် ၃ နာရီခွဲ....
ကျွန်မထပ်အိပ်ဖို့ မကြိုးစားတော့သလို... အိပ်စက်ရမှာကြောက်ရွံ့သွားမိသည်။
ခန္ဓာကိုယ်တစ်ခုလုံးသန့်စင်သွားလျှင် ကျွန်မအတွေးတွေ ငြိမ်းချမ်းသွားမည်လား။ ပြတင်းပေါက်က လေနုအေးအေးကို ၁၅ မိနစ်လောက် အဖော်ပြုပြီးသောအခါ ကျွန်မ ရေအ၀ချိုးပစ်လိုက်ဖို့ တွေးလိုက်သည်။
ရေအေးအေးချိုးရင်း ရေမေတ္တာပို့ပေးမိသည်... ၇ရက်သားသမီးများအားလုံး ကျွန်မချိုးနေသော ရေစင်လေးတွေလို အေးချမ်းကြပါစေ.... အညစ်အကြေးကင်းစင်ကြပါစေ....
ရေမိုးချိုးပြီးသောအခါ... ကျွန်မ... ဘုရားပန်းအိုးများ ရေအသစ်လဲခြင်း... ဘုရားမီးပူဇော်ခြင်း... နှင့် အိမ်မှာရှိနေသော မုန့်ကလေးတွေကို ဘုရားအားဆွမ်းတော်ဦးကပ်လိုက်သည်...
အားလုံးလုပ်ပြီးတော့မှ ကျွန်မတွေးမိသည်...
ဒုက္ခတွေ့မှာ ဘုရားသတိရသလိုများဖြစ်မလားမသိ... ကျွန်မတစ်သက်နဲ့ တစ်ကိုယ်မနက်စောစောဤကဲ့သို့ ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပုံမှန်အိပ်ရာထချိန်သည် ၆နာရီခွဲ ထက်မပိုခဲ့တာ အမှန်ပင်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျွန်မ မြတ်စွာဘုရားရှင်အား စစ်မှန်သောယုံကြည်ကိုးကွယ်ခြင်းစိတ်သည်ကား တုနှိုင်းမရအောင်ပင် သက်ဝင်မိပါသည်။ အဘယ်ကြောင့်ဆိုသော... ဘုရား၏ အရိပ်အောက်တွင် ငြိမ်သက်စွာထိုင်နေရုံဖြင့် ကျွန်မ၏ ပူလောင်သော စိတ်တို့သည် ငြိမ်းချမ်းသွားစေနိုင်သောကြောင့်ဖြစ်ပါသည်။
************************************************************************
စာဖတ်သူများချမ်းမြေ့ကြပါစေ...။
Subscribe to:
Post Comments (Atom)
0 comments: