အဖြူရောင်နှင်းပွင့်တွေကြားမှာ... ကြေးရုပ်ထုကြီး ၃ရုပ်က ထီးထီးမားမားရပ်လို့.... ဒီနေရာရောက်ရင် ဘယ်တော့မှ မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားရဲ့နဲ့ ဘာကြောင့် မျက်လုံးတွေက ရောက်ရောက်သွားရတာလဲ...
သတိရခြင်းဆိုတာ တားဆီးလို့ရတဲ့ အရာတစ်ခုဖြစ်ရင် သိပ်ကောင်းမှာပါပဲနော်....
ရောင်စုံမီးလေးတွေထွန်းထားတဲ့ ဒီကျောက်တုံးလေးတွေကြားထဲမှာ တစ်ချိန်က ကျွန်မသိပ်ချစ်ရတဲ့ မောင်လေးနဲ့ တစ်ညလုံးမအိပ်ပဲ လမ်းတွေလျှောက်ခဲ့ဖူးတယ်....
ရာသီတစ်ခုက ကျွန်မကို နှိပ်စက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပုံပါပဲ... ဒီလို ဒီဇင်ဘာမှာပဲ... ဒီနေရာမှာ ကျွန်မ ဒီလိုခံစားမှုနဲ့ခြားနားတဲ့ အပြုံးတွေနဲ့ မောင်လေးကို စကားတွေအများကြီးပြောခဲ့ဖူးပါတယ်...
ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့
အမှန်တရားကိုချစ်မြတ်နိုးတတ်ဖို့
ထိန်းကွပ်မှု မဲ့တဲ့လမ်းတွေမှာ ယိမ်းထိုးမှုတွေမရှိအောင်လမ်းလျှောက်တတ်ဖို့...
လူသားတိုင်းကို ကြင်နာသနား နားလည်နိုင်ဖို့ဆိုတာတွေကို....
အခုလိုမြူနှင်းတွေကြားမှာ ပြောပြခဲ့ဖူးတယ်....
မငိုကြွေးဖို့ မှာခဲ့တဲ့သူတစ်ယောက်အတွက် ကျွန်မ မျက်ရည်မကျခဲ့ဘူး... ဒါပေမယ့် နာကျင်မှု၊ ဆုံးရှုံးသွားတဲ့ခံစားမှုတစ်ခုဆိုတာ မဖြစ်ပါနဲ့လို့ တားလို့မှမရပဲနော်... မောင်လေးရဲ့ မျက်နှာလေးကိုလွမ်းတယ်.. မောင်လေးရဲ့ စကားသံလေးတွေကို လွမ်းတယ်...မောင်လေးရဲ့ ခြေသံလေးတွေကိုလွမ်းတယ်... မောင်လေးရဲ့ မမလို့ခေါ်တဲ့ အသံလေးကိုလွမ်းတယ်... ဟိုးးးးးးးးးးးးအရင်က သူနဲ့တူတူပေးခဲ့ဖူးတဲ့ ကတိတွေကိုလွမ်းတယ်...
အရာအားလုံးကို တိတ်ခွေတစ်ခုလို ပြန်ရစ်ကြည့်လို့ရရင်ကောင်းမယ်လို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပါတယ်...
ကျွန်မရဲ့ မျှော်လင့်ခြင်း ကျွန်မရဲ့ အနာဂတ် ကျွန်မရဲ့ ပုတ်သင်ညိုလေး ကို လွမ်းတယ်....
ဘယ်တော့မှ ပြန်မလာတော့မယ့် ကျွန်မ မောင်လေးကို ကျွန်မအနားမှာ သိမ်းထားတယ်...တကယ်တော့... သေဆုံးသွားတဲ့သူတစ်ယောက်ရဲ့ လွတ်မြောက်ခြင်းက ကျန်ခဲ့သူတစ်ယောက်အတွက် ချည်နှောင်ခြင်းတွေဖြစ်တယ်...
မျက်နှာတစ်ချက်လွဲလိုက်ပေမယ့် ဒီပုံရိပ်တွေက ပျောက်ပျက်မသွားဘူး... မနေ့တစ်နေ့က ခံစားချက်တွေနဲ့ ဘာလို့များ ရင်ဘတ်တွေကိုချည်နှောင်ချင်ရတာလဲ မောင်လေးရယ်... တကယ်တော့ အပြင်မှာ မကျတဲ့ ငါ့ မျက်ရည်တွေက ရင်ဘတ်ထဲမှာ ၀ုန်းဒိုင်းကြဲနေတယ်...
ဘ၀မှာ အလိုချင်ဆုံး ဆုက နင် ငါ့အနားမှာ ပြန်ရောက်လာမယ့် အချိန်လေးပါပဲ....
ဒီဇင်ဘာရောက်တိုင်း... ငါ့ စိတ်တွေရောက်ယက်ခတ်တယ်... ဒီအချိန်ဟာ နင်အမြဲပြန်လာတတ်တဲ့ ရာသီတစ်ခုပဲမောင်လေးရယ်...
ပြတင်းတံခါးလေးတစ်ခု လေထဲမှာ လွင့်နေတယ်... ငါအခုကြားတဲ့ ခြေသံလေးက နင်မှဟုတ်ရဲ့လား.. အိပ်မပျော်ခြင်း တစ္ဆေက မနှစ်ကလိုပဲ ငါ့ကို အထပ်ထပ်ရစ်ပတ်တယ်... တကယ်တော့ မမ လို့ နင်ခေါ်မယ့်အသံလေးကို ငါမျှော်လင့်နေကြောင်း နင် သိရင်ကောင်းမယ်....
အိပ်မပျော်တဲ့ ညတွေအတွက် အိပ်ဆေးမကူခဲ့ဘူး... မအိပ်ပဲလွမ်းရတဲ့ အလွမ်းတွေနဲ့ ငါကျေနပ်နေတတ်တယ်...
လူဆိုတာ သေမျိုးကြီးတော့ ငါလည်းသိတာပေါ့မောင်လေးရယ်...။ တကယ်တော့ နင်သိပ်ချစ်ပါတယ်ဆိုတဲ့ ငါ့ကို နှုတ်ဆက်ဖို့လေးတော့ ကောင်းပါတယ်...
အခုတော့ လက်ပြနှုတ်ဆက်စကားတွေဆိုခဲ့တာက ရုတ်တရက်လိုဖြစ်သွားတယ်...
သေချင်းဟာ တရားတစ်ခုလို့ဆိုကြတယ်... တကယ်တော့ နင့်သေချင်းမှာ ငါ့တရားတွေ ပျောက်ပျက်ကုန်တာ ဘယ်သူသိနိုင်မလဲမောင်လေး.... ဟိုးး အရင်အထပ်ထပ်က ငါတို့ပြောခဲ့သလိုပါပဲ...
ဘယ်သူသေသေ မငိုကြေးပေါ့မောင်လေးရယ်...
လေးတိုးသံများကြားက ...
ပြတင်းပေါက်လေး လွင့်နေခဲ့....
အသက်ရှုသံနဲ့ ခြေသံများရပ်တန့်...
ငါ့ရဲ့ အနီးဆုံးမှာ နင်ရပ်လို့နေမလား...
ငါ့
ရဲ့
အ
နီး
ဆုံး
မှာ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>> နင်ရပ်လို့နေမလား.....
ကျွန်မ မောင်လေးအတွက် အမှတ်တရပါရှင်....
Subscribe to:
Post Comments (Atom)
0 comments: