ဒီဇင်ဘာ... ဒီဇင်ဘာ...

Filed under: by:

ဒီဇင်ဘာက
အဖျားခတ်အလွမ်းတွေနဲ့
ကြမ်းကြမ်းရှရှ အေးတယ်...

တဆစ်ဆစ်နဲ့ နာကျင်ခြင်းတွေက
တဖြုတ်ဖြုတ်ကြွေကျ..
ဟိုးနားက သစ်ရွက်ဝါလေးကြားမှာ
ငါ့အလွမ်းလေး မြုပ်တယ်...

ဒီဇင်ဘာ...
ဒီဇင်ဘာ...
ဒီအချိန်ထိ အေးခဲနေတုံး...

မနှစ်က အတိုင်းပဲ.. အဖြူရောင်နှင်းတွေကြားမှာ
အလွမ်းတွေ...
အလွမ်းတွေ...
စွတ်စွတ်စိုခဲ့... စွတ်စွတ်စိုခဲ့...

ငါစိုက်ခဲ့တဲ့ ချယ်ရီက ငါ့အတွက်ပွင့်တယ်...
ငါချစ်ခဲ့တဲ့ မင်းက ငါ့အတွက်မဟုတ်ခဲ့...

အလွမ်းတွေကို ငါသတ်တယ်...
ဘယ်လောက်ခုတ်ခုတ်မသေတဲ့ အပင်က
အချစ်သစ်ပင်များလား...

ဆွေးတတ်သူတို့အတွက်တဲ့လား
ငေးငေးကြည့်ရင်း
ဒီဇင်ဘာက တစထက်တစ ပိုပိုအေးတယ်...

ဝေးဝေးမှာနေပါ ဒီဇင်ဘာရယ်..
အလွမ်းတွေနဲ့ နေထိုင်နေသူအတွက်
အချစ်က စိမ့်ပြီး အေးလွန်းတယ်...

ဒီဇင်ဘာ...
ဒီဇင်ဘာ...
ဘယ်လောက်ပြောပြော အေးခဲနေတုံး...

0 comments: