၁)
အရှေ့ကိုကြည့်လည်း ဘာမှမမြင်
အနောက်ကိုကြည့်လည်း ဘာမှမမြင်ခဲ့
တစ်ခုခုကို မှန်းကြည့်လိုက်ပါတယ်
ငါ..ဘာမှ…မမြင်ပါလားကွယ်။
၂)
ဟုတ်ချင်ဟုတ်မှာပေါ့ဆိုတဲ့အသိနဲ့
ဖြူ ၊ နီ ၊ ပြာ၊ ၀ါ တွေကိုခေါင်းညိမ့်ခဲ့ပါတယ်
အမှတ်တမဲ့ ဆိုပြီး
ခလုတ်တွေအကြိမ်ကြိမ်တိုက်လိုက်
အမှတ်တမဲ့ဆိုပြီး
ခနခန ငါ ဖျားခဲ့ရတယ်။
၃)
အမှောင်ထဲက လူတစ်ယောက်ဟာ
ငါတစ်ယောက်တည်းမှ မဟုတ်တာကွယ်
ဘာမှမမြင်ရတိုင်း
အမည်းလို့မသတ်မှတ်ကြပါနဲ့
အရောင်ဆိုတာ သတ်မှတ်ချက်တစ်ခုပါ
၎)
ငါ့မှာ အကောင်းနဲ့အဆိုးမရှိပါဘူး
အကြောင်းနဲ့အကျိုးလည်း မသိပါဘူး
အရှိကိုအရှိတိုင်းမြင်တတ်တာလေးတော့ရှိတယ်
၅)
မသိရင်တော့မှတ်ထားပါ
ဘယ်ကိုပဲကြည့်ကြည့် မှောင်နေတဲ့အရောင်ဟာ
အဖြူရောင်ပါ..။
Subscribe to:
Post Comments (Atom)
0 comments: