၁)
ဒါဟာ နွေရာသီတစ်ခုပါပဲ
မိုးတွေ ခပ်သည်းသည်းမရွာခဲ့ရင်ပေါ့။
၂)
အမြဲစိမ်းသစ်ပင်တွေရဲ့
ဖန်တီးနိုင်သူတစ်ယောက်ဟာ
ငါမဟုတ်ပါဘူးကောင်ကလေးရယ်
သူ့ဘာသာဝေ
သူ့ဘာသာကြွေတတ်နေတဲ့
အပြောင်းအလဲ သစ်ပင်တွေအောက်မှာ
ဖာသိဖာသာခြေထောက်တွေနဲ့
အမှတ်တမဲ့ လျှောက်ခဲ့ဖူးတယ်။
၃)
ကမ္ဘာဟာ
သူ့အလုပ်သူလုပ်နေတာပဲ
ရေအဆုံး ကုန်းတ၀က်လူသားတွေ
အချင်းချင်းခလုတ်တိုက်နေကြတယ်
၎)
လက်နှစ်ဖက်ကို
တစ်ဖက်နဲ့တစ်ဖက်ထွေးတတ်ယုံနဲ့
ဘ၀တစ်ခုတည်ဆောက်လို့တော့မရဘူးပေါ့။
၅)
သေချာပါတယ် ကောင်ကလေးရယ်
ငါ့လမ်းငါလျှောက်ဖို့တော့
တစ်ခါမှ ငါမဖောက်ခဲ့ဖူးပါဘူး။
၆)
သေချာတာတစ်ခုက
အနားမှာ နင်ကလည်းမရှိ
ငါကတော့
ခပ်တိုးတိုးလေး လွမ်းတတ်နေပါပြီ။
Subscribe to:
Post Comments (Atom)
0 comments: