၁)
ချစ်သူ ...
ခြေလှမ်းတွေက
လိပ်ပြာတောက်ပံခတ်သံတစ်ခု လို
တိုးတိတ်လွန်းတယ်
၂)
မင်းဟာ....
တိတ်တဆိတ်ဝင်ရောက်
တိတ်တဆိတ်ကွယ်ပျောက်တတ်သူလား
၃)
အနားမှာ..
အမြဲနေပါလို့ တောင့်တခွင့်မရှိခဲ့သလို
တောင်းဆိုခွင့်လည်း မရှိခဲ့
၎)
လိပ်ပြာဟာ...
ငါ့အတွက် အနားသတ် သိမ်မွေ့လွန်းနေတယ်
၅)
တပ်မက်ခြင်း ပျောက်ဆုံးနေတဲ့
ချစ်ခြင်းဟာ...
အဖြူရောင် မြတ်နိုးမှုတစ်စုံကလွဲပြီး
ဆန္ဒတွေ အယူခံဝင်ခွင့်တွေ ပျောက်ဆုံးနေခဲ့
၆)
မင်းနဲ့ပတ်သက်ရင်...
ဘ၀ဟာ... တစ်ခါတစ်ရံမှာ ခါးသလို
အကြိမ်ပေါင်းများစွာလဲ ခါးသက်နေခဲ့
၇)
ခြောက်ခြားနေတဲ့
စိတ်အစုံဟာ...
ဝေးရမယ်ဆိုတဲ့... အသိတစ်ခုနဲ့တင်
အလဲလဲ အကွဲကွဲ...
နလန်ထူဖို့မေ့နေခဲ့တယ်...
၈)
မယုံမရှိပါနဲ့
ငါဟာ....
မင်းအတွက်ဆို ထပ်ခါတလဲလဲရှုံးနိမ့်နေခဲ့သူပါ....
Subscribe to:
Post Comments (Atom)
0 comments: