ငါ... ကော်ဖီခါးခါး

Filed under: by:

ငါကဖိတ်မခေါ်ပဲ
ငါ့ နှာခေါင်းဝကို..
ဒီကော်ဖီရနံ့က သင်းတယ်။
ဆွဲဆောင်မှုတွေ ပြင်းလွန်းလို့
ငါကိုယ်တိုင်ပဲ ....
ဒီကော်ဖီကို
ဖျော်သောက်လိုက်ပါတယ်
ရနံ့လေးက သင်းသင်း
အရသာက ခါးခါး
မသောက်ပဲ ၀င်သွားလို့ရရင်တော့ ကောင်းသား
အခုတော့ စိတ်မကောင်းဘူး
ငါနှစ်သက်တဲ့ ဒီကော်ဖီလေးကို
ငါကိုယ်တိုင်ပဲ...
ငါမှငါအစစ်ပဲ....
မျိုချလိုက်တယ်

ဒီကော်ဖီခါးခါးတစ်ခွက်ပေါ့
ဘယ်သူ့ဆီမှမဟုတ်ဘူး
ငါ့ခန္ဓာထဲ စီးမျောသွားတယ်...
ငါ..သေချာပြန်ကြည့်တယ်
မရေမရာသလိုလို သေချာသလိုလိုနဲ့
တွေ့လိုက်တယ်.....
ကော်ဖီရေတွေကြားမှာပေါ့
ငါ... ခါးနေတယ်။

0 comments: