ရွာရန်ရာနှုန်းပြည့်

Filed under: by:

မရွာဘူးလားလို့မေးရင်
ရွာမယ်....
ရင်ထဲမှာ တိတ်တိတ်လေးဆူညံနေခဲ့တာ
ကြာပေါ့...
စိတ်နဲ့လွှင့်ပစ်လိုက်ရမယ့်နေ့များ
ဒီနေ့မဟုတ်ရင်
တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်....

ညီမလေးကကိုယ့်ကို
မရစ်နှောင်ရဘဲ
ကိုယ်က အတွေးနဲ့တင် ဝေ့ဝေ့လည်လည်
တိတ်တခိုးအုံ့မှိုင်းလာသောစိတ်ကူးများ
ကောင်းကင်နဲ့အပြည့်
အချစ်ဆိုတဲ့အသံကြားချင်ရင်
ကက်ဆက်လေးဖွင့်လိုက်မိရုံ...
မရွာဘူးလားမေးရင်
ရွာမယ်...
လွင့်စင်ကျလာမဲ့ နေ့ရက်များ
တနေ့နေ့တော့ဖြစ်လာလိမ့်မယ်...
ညီမင်းညို
သက်ငြိမ် (Still Life)ကဗျာစာအုပ်မှ ဖတ်ရတာလေးပါ။ တော်တော်ကြိုက်လို့။

0 comments: