လွမ်းလိုသေသွားတဲ့ သစ်ပင်

Filed under: by:

ပန်းကလေး နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါပဲ.. တော်တော်ကြိုက်တယ်ဆိုတဲ့ထဲ ပါတာပေါ့နော့။
၁)
ကိုယ့်ဘာသာကိုယ် မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရ..နဲ့
အဲဒီနေရောင်ခြည်ကိုက ရှုပ်တယ်။
၂)
မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့
ကြာ....လိုက်....တာ....
အလင်းတွေ အသက်ရှုနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကိုမြင်ရဘို့
နောက်ကျခဲ့ပြန်ရော...။

၃)
ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။
၎)
(အဲဒီ့ကောင်ဟာ... အသေအချာမှောင်ခဲ့ အချစ်တွေမဲ့ပြီဆိုရင် သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
၅)
နောက်သလိုပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
" အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ..." တဲ့
လွမ်းလို့သေသွားတဲ့ သစ်ပင်က
အရွက်ကိုခြွေချပြီး...ပြောတယ်...။
မင်းခိုက်စိုးစန်
(လွမ်းလို့သေသွားတဲ့ သစ်ပင်)
ပန်းကလေးဖတ်ရင်း ကြိုက်တာလေးတွေကို မျှဝေတာပါ။ ကိုယ့်ဘာသာတော့ လေးနက်တယ်ထင်တာပဲ။ သူများ မနှစ်သက်ခဲ့ရင် တောင်းပန်ပါတယ်နော့။

0 comments: