လိပ်ပြာတောင်ပံခတ်သံထက် ပိုပြီးတိုးတိတ်လွန်းတယ်....
ရင်ခွင်တစ်ခုလုံးကိုဗြောင်းဆန်အောင် ရိုက်ခတ်သွားတာပါပဲ... နာကျင်မှုရဲ့ အလျင်မြန်နှုန်းက အသိတွေအားလုံးကို ခေတ္တတော့ စုံကန်းသွားစေတယ်... ဒါဟာ အင်မတန်သိမ်ဖျင်းတဲ့ စိတ်ဓါတ်ခပ်ညံ့ညံ့တစ်ခုပေါ့...
အခုငါ့ရင်ဘတ်ထဲမှာ ခပ်ဆိုးဆိုးလိပ်ပြာတွေ တောင်ပံခတ်နေတယ်.....
ချစ်မိတယ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ.... ဘောင်သွင်းထားတဲ့ငါ့စိတ်တွေ အားလုံးပြိုလဲ... အတုန်းအရုန်းလဲကျခဲ့ဖူးသူ တစ်ယောက်ဟာ ငါပဲဖြစ်တယ်.....
နတ်ဆိုးတစ်ကောင်ရဲ့ ညွှတ်ကွင်းထဲ ငါသွပ်သွင်းခံရမိပေါ့.... မျက်ဝန်းတွေေ၀၀ါး...အမှောင်အမှိုက်လောကထဲ ခေတ္တခဏခြေနင်းဝင်ရောက် ရုတ်တရက်သွန်းသွားတဲ့ မိုးခါးရေတွေကြားမှာ... ငါ.... ဘာကိုမှပြင်ဆင်ခွင့်မရပဲ... စိုထိုင်းသွားခဲ့တယ်....
ဝန်တိုခြင်းဆိုတာဟာ အင်မတန်သိမ်ဖျင်းတဲ့ နတ်ဆိုးတစ်ကောင်ပဲဖြစ်တယ်...
ဟိုးးးးး ခပ်ဝေးဝေးကိုလှမ်းကြည့်မိတယ်....
မိုးတွေက ခပ်သည်းသည်း ခပ်စိတ်စိတ်ရွာနေတုန်းပဲ.... ကမ္ဘာမြေပြင်မှာ စိုလက်စအရာတွေ ဆက်စိုနေတယ်.... ငါ့ရင်ထဲက မိုးက စိုထိုင်းခြောက်သွေ့....
ငါ.... ကအချစ်သက်သက်ချစ်နိုင်သူတစ်ယောက် ဟုတ်ရဲ့လားကွယ်....
ငါနားလည်ထားတဲ့ ချစ်ခြင်းတရားတွေအကုန်လုံး အချစ်နဲ့တွေ့တဲ့အချိန်မှာ ပုံပြင်ထဲကအကြောင်းအရာ တွေလိုဖြစ်.... တခါတရံ အချစ်ဟာ ပြောင်းလဲခြင်းရဲ့ နိယာမ ဖော်မြူလာကိုထုတ်ပေးနေတဲ့ အရာဖြစ်တယ်။
အရာအားလုံး တသမတ်တည်းဖြစ်မလာတတ်သလို အရာအားလုံးတသမတ်ထဲဖြစ်ဖြစ်သွားတတ်တယ်.....
မကြီးမြတ်ဘူးထင်ထားတဲ့ အရာတွေက ကြီးမြတ်လာတတ်ပြီး ကြီးမြတ်တယ်ထင်တားတဲ့ အသိတွေ မှောင်မိုက်သွားတတ်တယ်....
ဒီလိုနဲ့..... ဒီလိုနဲ့..... ဒီလိုနဲ့ပေါ့.....................
ခမ်းနားခြင်းလမ်းမများ........
အလင်းရောင်ဝင်ရိုးစွန်းများ....
ခပ်ဖျော့ဖျော့သက်ပြင်းများ.....
မာကျောနေတဲ့ စိတ်ရိုင်းများ....
တိုလီမိုလီအလွမ်းတွေနဲ့....
အသက်ရှုသံခပ်ပြင်းပြင်းတွေကြားမှာ.....
ငါ.....
စုန်းစုန်းနစ်မြုတ်.........
မလွမ်းဘူးထင်တဲ့ အလွမ်းတွေရဲ့ .... ခါးသက်မှုအောက်မှာ....
ချိုမြိန်တဲ့ ချစ်ခြင်းတွေစားသုံး..... မျှော်လင့်ခြင်းမနက်ဖြန်တွေဖြန့်ကျက်.....................
ငါ...
ပုံမှန်လေးပဲ....နေပါရစေကွယ်.....
***************************///************************************
အားလုံးချမ်းမြေ့ကြပါစေ...။
Subscribe to:
Post Comments (Atom)
0 comments: