ချစ်သူဖတ်ဖို့ ကဗျာ (၁)

Filed under: by:

ချစ်သူ…
တယောက်နဲ့ တယောက် စိတ်ကောက်ကြတဲ့အခါ
မျက်နှာတွေကို
သေချာဖတ်ကြည့်ပေးပါ။
မင်းရင်ထဲမှာ ငါနှလုံးသားရှိသလို
ငါဟာမင်းအတွက်နဲ့  ရှင်သန်နေတာလေ…
မင်းနဲ့ ငါ နှလုံးသားတွေ
ကိုယ်ပိုင်မရှိတော့တာ သတိရပါ…

ချစ်သူ...
ချစ်ခြင်းတွေဟာ အချိန်တွေကို
စားသုံးပြီးတိုးပွားရှင်သန်နေတယ်ဆိုတာ
ယုံကြည်ထားပါ…
သံသယဆိုတဲ့ တစ္ဆေတွေကို
တို့ နှစ်ယောက်ရဲ့  အဖြူရောင် ချစ်ခြင်းတွေနဲ့ 
ဝင်မလာနိုင်အောင် စည်းတားထားပါ…

ချစ်သူ...
အလွမ်းတွေကို မျှော်လင့်ခြင်းနဲ့ 
ဖုံးကွယ်ထားပါ…
မဆုံနိုင်အောင်ဝေးကွာခြင်းဟာ
ထာဝရ လက်တွဲဖို့ အတွက်
အင်အားတွေလေ…

ချစ်သူ...
မင်းလိုအပ်ရင်
မျက်လုံးလေးမှိတ် ခေါင်းမော့ပါ…
ခြေလှမ်းတွေ စောင့်ကြည့်ခြင်းဟာ
တိုက်ပွဲတစ်ပွဲ အတွက် ကြိုတင်ပြင်ဆင်ခြင်းပါ…

ချစ်သူ...
ငါဟာမင်းအတွက် ဘယ်သောအခါမှ
ပြိုင်ဘက်တယောက်မဟုတ်ခဲ့ဘူးလေ…
ငါဟာမင်းအတွက်ဆိုရင်
ပန်းခင်းတွေသာ
ထာဝရလက်ဆောင် ပေးချင်သူပါ…

ပန်းကလေးရဲ့ ချစ်သူပေးခဲ့တဲ့ အမှတ်တရကဗျာလက်ဆောင်လေးပါ။

0 comments: