ငါ့စိတ်တွေတစ်ခုလုံး ယောက်ယက်ခတ်….. ခြေထောက်တွေက တစ်နေရာရာကို ကုတ်တွယ်ထားချင်လောက်အောင် ခြောက်ခြားနေတယ်…. တိတ်တိတ်လေးပဲထားပေးပါ….. ဘယ်သူမှငါ့အနားမလာပါနဲ့ …… ငါ့နားထဲမှာ သီချင်းသံစဉ်လဲ မရှိဘူး…. တီဗီအစီစဉ်တွေလည်းမရှိဘူး….. ကော်ဖီင်္တစ်ခွက်လည်းမရှိဘူး…… ဘာစာအုပ်မှကိုလည်း ငါ့အသိတွေတွက်မလိုအပ်ဘူး……. သွားကြပါ….. အဲဒီ ဂျပန်စာတွေ ၊ ပြင်သစ်စာတွေ၊ မနက်ဖြန် ဘာဝတ်ရမလဲ ဆိုတာလည်း မစဉ်းစားချင်ဘူး…. မနက်ဖြန်လုပ်မယ့် Meeting ဆိုတာလဲ မပြင်ဆင်ချင်ဘူး…. မနက်ဖြန်တွေ့ရမယ့် လူကြီးတွေလည်း ငါစိတ်မ၀င်စားဘူး….. ဖြစ်နိုင်ရင် တစ်ယောက်တည်းထားပေးပါ…….ငါ့ကို
ချစ်သူရယ်…. ငါရယ်….. အတွေးထဲမှာပဲ အတူတူတွေ့ရတတ်လို့ …. တစ်စုံတစ်ရာတောင်းဆိုခွင့်ရှိခဲ့ရင်… ငါ့မှာ စိတ်ကူးဆိုတဲ့အရာလေးတစ်ခုရယ်… အိမ်မက်ဆိုတဲ့အရာလေးတစ်ခုရယ်…. အစဉ်ငြိမ်းချမ်းတိတ်ဆိတ်နေတဲ့ နေရာလေးတစ်ခုရယ်….ပိုင်ဆိုင်ခွင့်ပေးပါ… တော်ပါပြီ… ဒီလောက်ဆို …… ကျန်တာတွေ….. ငါ့အတွက်ဘာမှမလိုအပ်လို့ပါ…..
ဟိုးအဝေးမှာ….. ငါ့အနီးနားမှာ…. နွေတွေ… မိုးတွေ….ဆောင်းတွေ…. သူ့အလိုလိုပြောင်းလဲသွားကြ…. ငါက ရာသီတစ်ခုကို နေထိုင်မှုတစ်စုံတစ်ရာကပြောင်းလဲမှုက လွဲရင် ခေါင်းတောင်စောင်းငဲ့ကြည့်တတ်ဖူးသူမဟုတ်…… ရာသီတစ်ခုရဲ့ပြောင်းလဲမှုဟာ…. ငါ့ website တစ်ခုလောက်ဆွဲဆောင်မှုမရှိဘူး…. လေးဖြူသီချင်းတစ်ပုဒ်လောက် ခံစားမှုမပေးနိုင်ဘူး….. အခုတော့ ….. ငါ့နားတွေ… ငါ့မျက်လုံးတွေ....ရာသီကိုနားစွင့်ပြီ….. ရာသီကိုပဲစောင့်ကြည့်နေမိတော့တယ်…. တစ်ခါတစ်ရံမှာ……တိတ်တိတ်လေးငိုညည်းမိတာပါ…… ငါ့ကိုသနားရင် မြန်မြန်ကစားပေးပါကွာ…… ရာသီတွေကိုပေါ့…….ငါ့မှာ ဒီထက်ပိုပြီး ခံနိုင်ရည်မရှိနိုင်တော့ဘူး……
ငါလွမ်းရသလို မင်းလည်းလွမ်းရမယ်ဆိုရင် မင်းမှာ ခံနိုင်ရည်တောင်ရှိပါတော့မလား ဆိုတဲ့စာပိုဒ်လေးကို မြင်ဖူးတယ်… အခုတော့သေချာပါတယ်…. မင်းကို ငါလွမ်းသလို မလွမ်းစေချင်ဘူး…. မင်းခံနိုင်ရည်မရှိမှာ စိုးလို့ပါ….. ငါအရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်က မေးတယ်… နင်ဘာဖြစ်နေတာလဲတဲ့…. ဘာလို့စကားလည်းမပြောပဲ အဲထိုင်ခုံမှာပဲ တိတ်ဆိတ်နေတာလဲတဲ့….. အမှန်ပဲချစ်သူ….. တကယ်တော့ ငါ့မှာ ဘာမှမလိုအပ်သလိုဖြစ်နေတာ မင်းနဲ့တွေ့ပြီးထဲကပဲ …. အချစ်ကိုမညာချင်ဘူး….. မှန်တာပြောရရင်….. မင်း ရဲ့ အချစ်တွေနဲ့ ငါကချစ်တတ်လာသူပါ….. ဒီလောက်နက်ရှိုင်းသွားမယ် လို့…. ကိုယ့်ကိုကိုယ်မထင်မိခဲ့တာပါ….. အခုတော့ စူးက ကျွံနေပြီ….. ဘယ်သူနှုတ်နှုတ် ထုတ်လို့မရတော့ဘူး….. မင်းနှုတ်ရင်တောင် ငါ့စူးက ထုတ်မရတော့ဘူး….
တစ်ခါတစ်လေ ရင့်လာလိုက် တစ်ခါတစ်လေ ကျက်သွားလိုက် ငါ့ဒဏ်ရာတွေ….. တစ်နေ့ထက်တစ်နေ့ပိုပိုလာတယ်….. ငါ့မှာ မင်းနဲ့မတွေ့ခင်အချိန်ထိ…. လူရောစိတ်ပါ ငြိမ်းချမ်းခဲ့ဖူးတယ်…..... စိတ်မဆိုးပါနဲ့ချစ်သူ…. ငါကစကားပြောရင် မှန်တာတွေဲပြောတတ်လွန်းလို့ ချစ်တဲ့သူရော မုန်းတဲ့သူရော ဒွန်တွဲနေတဲ့ စိတ်ခပ်စပ်စပ် ကောင်စုတ်မလေးပါ…. ဘာပဲဖြစ်ဖြစ် …. အဲဒီ့ခံစားမှုတွေနဲ့ မင်းကို မလဲနိုင်ပါဘူး….. အချစ်ကို အချစ်သက်သက် မချစ်နိုင်ခဲ့တာကိုက ငါ့ရဲ့အားနည်းချက်ပါပဲ….. အမှတ်တမဲ့တွေ့ခဲ့တယ်ဆိုတာလည်းသိတယ်…. အမှတ်တရဖြစ်နေတာလဲခက်တယ်… အမှတ်မထင်ဝေးရမှာလဲကြောက်တယ်….. အရာအားလုံးမတည်မြဲနိုင်မှန်းလဲသိတယ်…. ငါဘာလုပ်ရမလဲချစ်သူ..
ဟိုး…………………….. ငြိမ်းချမ်းတဲ့ ညခပ်စိတ်စိတ်လေးမှာ မင်းရယ်…. ငါရယ်…. အိမ်မက်တွေဝိုင်းရံပြီး အချစ်တွေကိုပုံဖော်နေကြတယ်….. ချစ်သူက ငါ့ကို လူရောစိတ်ပါငြိမ်းချမ်းအောင် ကုစားပေးနေလေရဲ့….. ငါ့ရင်ခုန်သံတွေက 24/7 လွမ်းချင်းတွေနဲ့ ဒဏ်ရာတွေ ရင့်သန်နေပြီ……… တိတ်တိတ်ကလေးနေပေးပါ ချစ်သူ… အလွမ်းတွေအတွက် မနက်ဖြန်တွေကို ခံနိုင်အောင်….. ငါတော်တော် လုပ်ယူနေရလို့ပါ…..
Subscribe to:
Post Comments (Atom)
0 comments: