တစ်စုံတစ်ယောက်

Filed under: by:

၁)
ချစ်သူရဲ့
မျက်နှာတစ်ချက်ပျက်တိုင်း
ရင်ခုန်သံတစ်ခု
ငိုဆင်းသွားသတဲ့........
၂)
ချစ်သူရဲ့
မျက်ရည်တစ်စက်ကျတိုင်း
နှလုံးသားတစ်ခု
ယိုယွင်းသွားသတဲ့.....


၃)
နွေဟာ......
ဒီစကားလုံးတွေကြားတိုင်း
ဘယ်အရာနဲ့မှ မတူအောင်
ငါ့ရင်မှာ လောင်ကျွမ်းနေပါရဲ့
ထပ်ပြောမယ်ချစ်သူ ..
၎)
ငါက
စကားလုံးလှလှတွေ မသုံးတတ်ဘူး
မူရာမာယာတွေ မကြွယ်ဝဘူး
၅)
ငါ့မှာ
ခပ်တုံးတုံးလို့ ထင်ရတဲ့
ရိုးသားခြင်းတွေရှိတယ်
အပိုတွေလို့ ယူဆလို့ရတဲ့
ဆောက်တည်ခြင်းတွေရှိတယ်...
သဘာဝမဆန်တဲ့
အယူအဆဆန်းဆန်းတွေရှိတယ်
၆)
ချစ်သူ
စကားလေးသုံးခွန်းမှာချင်တယ်
ချိုသာတဲ့စကားတွေ ရှောင်ပါ
မုသားမကင်းတဲ့ အပြုံးတွေရှောင်ပါ
သာယာမှုမဟုတ်တဲ့ ထိတွေ့မှုတွေရှောင်ပါ
၇)
ဒါဆို
ငါတို့နှစ်ယောက်ရဲ့ ဘဝ
တည်ဆောက်ဖို့ ခိုင်မာတဲ့
အုတ်မြစ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့....
၈)
တစ်ချိန်ချိန်ကြရင်ပေါ့......
ငါ့ရင်ထဲက နွေကို
တစ်စုံတစ်ယောက်က
ကုစားသွားနိုင်ပါရဲ့လေ.....
အဲဒီ.....တစ်စုံတစ်ယောက်က....
မင်း ဖြစ်ပါစေ.......

0 comments: