အစမ်း

Filed under: by:

မင်္ဂလာအပေါင်းခညောင်းကြပါစေ

ဆက်ဖတ်ချင်သေးတယ်...

ဒီဇင်ဘာ... ဒီဇင်ဘာ...

Filed under: by:

ဒီဇင်ဘာက
အဖျားခတ်အလွမ်းတွေနဲ့
ကြမ်းကြမ်းရှရှ အေးတယ်...

တဆစ်ဆစ်နဲ့ နာကျင်ခြင်းတွေက
တဖြုတ်ဖြုတ်ကြွေကျ..
ဟိုးနားက သစ်ရွက်ဝါလေးကြားမှာ
ငါ့အလွမ်းလေး မြုပ်တယ်...

ဒီဇင်ဘာ...
ဒီဇင်ဘာ...
ဒီအချိန်ထိ အေးခဲနေတုံး...

မနှစ်က အတိုင်းပဲ.. အဖြူရောင်နှင်းတွေကြားမှာ
အလွမ်းတွေ...
အလွမ်းတွေ...
စွတ်စွတ်စိုခဲ့... စွတ်စွတ်စိုခဲ့...

ငါစိုက်ခဲ့တဲ့ ချယ်ရီက ငါ့အတွက်ပွင့်တယ်...
ငါချစ်ခဲ့တဲ့ မင်းက ငါ့အတွက်မဟုတ်ခဲ့...

အလွမ်းတွေကို ငါသတ်တယ်...
ဘယ်လောက်ခုတ်ခုတ်မသေတဲ့ အပင်က
အချစ်သစ်ပင်များလား...

ဆွေးတတ်သူတို့အတွက်တဲ့လား
ငေးငေးကြည့်ရင်း
ဒီဇင်ဘာက တစထက်တစ ပိုပိုအေးတယ်...

ဝေးဝေးမှာနေပါ ဒီဇင်ဘာရယ်..
အလွမ်းတွေနဲ့ နေထိုင်နေသူအတွက်
အချစ်က စိမ့်ပြီး အေးလွန်းတယ်...

ဒီဇင်ဘာ...
ဒီဇင်ဘာ...
ဘယ်လောက်ပြောပြော အေးခဲနေတုံး...

ဆက်ဖတ်ချင်သေးတယ်...

ငါ့ရဲ့ အနီးဆုံးမှာ .... နင်ရပ်လို့နေမလား....

Filed under: by:

အဖြူရောင်နှင်းပွင့်တွေကြားမှာ... ကြေးရုပ်ထုကြီး ၃ရုပ်က ထီးထီးမားမားရပ်လို့.... ဒီနေရာရောက်ရင် ဘယ်တော့မှ မကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားရဲ့နဲ့ ဘာကြောင့် မျက်လုံးတွေက ရောက်ရောက်သွားရတာလဲ...

သတိရခြင်းဆိုတာ တားဆီးလို့ရတဲ့ အရာတစ်ခုဖြစ်ရင် သိပ်ကောင်းမှာပါပဲနော်....

ရောင်စုံမီးလေးတွေထွန်းထားတဲ့ ဒီကျောက်တုံးလေးတွေကြားထဲမှာ တစ်ချိန်က ကျွန်မသိပ်ချစ်ရတဲ့ မောင်လေးနဲ့ တစ်ညလုံးမအိပ်ပဲ လမ်းတွေလျှောက်ခဲ့ဖူးတယ်....

ရာသီတစ်ခုက ကျွန်မကို နှိပ်စက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပုံပါပဲ... ဒီလို ဒီဇင်ဘာမှာပဲ... ဒီနေရာမှာ ကျွန်မ ဒီလိုခံစားမှုနဲ့ခြားနားတဲ့ အပြုံးတွေနဲ့ မောင်လေးကို စကားတွေအများကြီးပြောခဲ့ဖူးပါတယ်...

ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့

အမှန်တရားကိုချစ်မြတ်နိုးတတ်ဖို့

ထိန်းကွပ်မှု မဲ့တဲ့လမ်းတွေမှာ ယိမ်းထိုးမှုတွေမရှိအောင်လမ်းလျှောက်တတ်ဖို့...

လူသားတိုင်းကို ကြင်နာသနား နားလည်နိုင်ဖို့ဆိုတာတွေကို....

အခုလိုမြူနှင်းတွေကြားမှာ ပြောပြခဲ့ဖူးတယ်....

မငိုကြွေးဖို့ မှာခဲ့တဲ့သူတစ်ယောက်အတွက် ကျွန်မ မျက်ရည်မကျခဲ့ဘူး... ဒါပေမယ့် နာကျင်မှု၊ ဆုံးရှုံးသွားတဲ့ခံစားမှုတစ်ခုဆိုတာ မဖြစ်ပါနဲ့လို့ တားလို့မှမရပဲနော်... မောင်လေးရဲ့ မျက်နှာလေးကိုလွမ်းတယ်.. မောင်လေးရဲ့ စကားသံလေးတွေကို လွမ်းတယ်...မောင်လေးရဲ့ ခြေသံလေးတွေကိုလွမ်းတယ်... မောင်လေးရဲ့ မမလို့ခေါ်တဲ့ အသံလေးကိုလွမ်းတယ်... ဟိုးးးးးးးးးးးးအရင်က သူနဲ့တူတူပေးခဲ့ဖူးတဲ့ ကတိတွေကိုလွမ်းတယ်...

အရာအားလုံးကို တိတ်ခွေတစ်ခုလို ပြန်ရစ်ကြည့်လို့ရရင်ကောင်းမယ်လို့ အကြိမ်ကြိမ်တွေးခဲ့ဖူးပါတယ်...

ကျွန်မရဲ့ မျှော်လင့်ခြင်း ကျွန်မရဲ့ အနာဂတ် ကျွန်မရဲ့ ပုတ်သင်ညိုလေး ကို လွမ်းတယ်....

ဘယ်တော့မှ ပြန်မလာတော့မယ့် ကျွန်မ မောင်လေးကို ကျွန်မအနားမှာ သိမ်းထားတယ်...တကယ်တော့... သေဆုံးသွားတဲ့သူတစ်ယောက်ရဲ့ လွတ်မြောက်ခြင်းက ကျန်ခဲ့သူတစ်ယောက်အတွက် ချည်နှောင်ခြင်းတွေဖြစ်တယ်...

မျက်နှာတစ်ချက်လွဲလိုက်ပေမယ့် ဒီပုံရိပ်တွေက ပျောက်ပျက်မသွားဘူး... မနေ့တစ်နေ့က ခံစားချက်တွေနဲ့ ဘာလို့များ ရင်ဘတ်တွေကိုချည်နှောင်ချင်ရတာလဲ မောင်လေးရယ်... တကယ်တော့ အပြင်မှာ မကျတဲ့ ငါ့ မျက်ရည်တွေက ရင်ဘတ်ထဲမှာ ၀ုန်းဒိုင်းကြဲနေတယ်...

ဘ၀မှာ အလိုချင်ဆုံး ဆုက နင် ငါ့အနားမှာ ပြန်ရောက်လာမယ့် အချိန်လေးပါပဲ....

ဒီဇင်ဘာရောက်တိုင်း... ငါ့ စိတ်တွေရောက်ယက်ခတ်တယ်... ဒီအချိန်ဟာ နင်အမြဲပြန်လာတတ်တဲ့ ရာသီတစ်ခုပဲမောင်လေးရယ်...

ပြတင်းတံခါးလေးတစ်ခု လေထဲမှာ လွင့်နေတယ်... ငါအခုကြားတဲ့ ခြေသံလေးက နင်မှဟုတ်ရဲ့လား.. အိပ်မပျော်ခြင်း တစ္ဆေက မနှစ်ကလိုပဲ ငါ့ကို အထပ်ထပ်ရစ်ပတ်တယ်... တကယ်တော့ မမ လို့ နင်ခေါ်မယ့်အသံလေးကို ငါမျှော်လင့်နေကြောင်း နင် သိရင်ကောင်းမယ်....

အိပ်မပျော်တဲ့ ညတွေအတွက် အိပ်ဆေးမကူခဲ့ဘူး... မအိပ်ပဲလွမ်းရတဲ့ အလွမ်းတွေနဲ့ ငါကျေနပ်နေတတ်တယ်...

လူဆိုတာ သေမျိုးကြီးတော့ ငါလည်းသိတာပေါ့မောင်လေးရယ်...။ တကယ်တော့ နင်သိပ်ချစ်ပါတယ်ဆိုတဲ့ ငါ့ကို နှုတ်ဆက်ဖို့လေးတော့ ကောင်းပါတယ်...

အခုတော့ လက်ပြနှုတ်ဆက်စကားတွေဆိုခဲ့တာက ရုတ်တရက်လိုဖြစ်သွားတယ်...

သေချင်းဟာ တရားတစ်ခုလို့ဆိုကြတယ်... တကယ်တော့ နင့်သေချင်းမှာ ငါ့တရားတွေ ပျောက်ပျက်ကုန်တာ ဘယ်သူသိနိုင်မလဲမောင်လေး.... ဟိုးး အရင်အထပ်ထပ်က ငါတို့ပြောခဲ့သလိုပါပဲ...

ဘယ်သူသေသေ မငိုကြေးပေါ့မောင်လေးရယ်...

လေးတိုးသံများကြားက ...
ပြတင်းပေါက်လေး လွင့်နေခဲ့....
အသက်ရှုသံနဲ့ ခြေသံများရပ်တန့်...
ငါ့ရဲ့ အနီးဆုံးမှာ နင်ရပ်လို့နေမလား...

ငါ့

ရဲ့



နီး

ဆုံး

မှာ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>> နင်ရပ်လို့နေမလား.....

ကျွန်မ မောင်လေးအတွက် အမှတ်တရပါရှင်....

ဆက်ဖတ်ချင်သေးတယ်...

အနွေးဓါတ်

Filed under: by:

အဆိုးတွေကြုံတိုင်း
အနားမှာ နင်ရှိနေတယ်လို့
တဖွဖွတွေး....
ငါ့မှာ
ဒုက္ခဆိုတာ မရှိခဲ့ဘူး...

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ အပြုံးတွေနဲ့ မျက်ရည်တွေအကြိမ်ကြိမ်သုတ်တယ်.. တကယ်တော့ နာကျင်ခြင်းဆိုတာ ငါ့တစ်ယောက်တည်းကိုမှ အလည်လာတဲ့သူမဟုတ်ဘူးနော်... ကိုကိုလို့ ကျွန်မ မြတ်မြတ်နိုးနိုးခေါ်တဲ့ ချစ်သူကို စေ့စေ့ကြည့်တယ်... မငိုချင်ဘူး ... ပီးတော့ မငိုချင်တော့ဘူး... ဒီလိုနာကျင်ခြင်းဆိုတာ ကျွန်မတစ်ယောက်တည်းမှာမှ မဟုတ်ပါဘူးလို့ သူအကြိမ်ကြိမ်ပြောတယ်... မျက်ရည်ကျတာကို သဘောမကျဘူး... လူတိုင်းလုပ်တတ်တဲ့ အလုပ်ကို မလုပ်စမ်းပါနဲ့တဲ့... ပြုံးပြပါဆိုတဲ့ သူ့စကားတစ်ခွန်းနောက်မှာ ကျွန်မ အပြုံးတွေကိုမွေးဖွားတယ်.. အဆိုးဆိုတဲ့ အရာတွေကြုံတိုင်း အနားမှာ သူရှိတယ်ဆိုတဲ့ အသိလေးထည့်ပေးပါတဲ့.. ဒါဆို ဒုက္ခဆိုတဲ့ အရာတွေမရှိတော့ဘူးတဲ့... ဒီလိုနဲ့ ကျွန်မ ပြုံးတတ်လာခဲ့တယ်... အခုတော့ အမြဲပြုံးတတ်နေတဲ့ ကောင်မလေးဟာ ကျွန်မဖြစ်လို့နေတယ်...

ချမ်းစိမ့်အေးမြ
ရာသီက တစ်ခုခုကိုတော့
အကဲပိုလွန်းတယ်..
လွမ်းစရာရှိလို့ လွမ်းရတာ
ဘယ်သူ့ကိုမှတော့ အပစ်မတင်ခဲ့ဘူး..
ဒါပေမယ့် ..
နင့်အကြောင်းတွေးရုံနဲ့
ငါ နွေးတတ်ခဲ့တယ်...

ဆောင်းလေပါလို့ ပြောနေရက်နဲ့ ငါက စိမ့်စိမ့်လေးချမ်းတယ်လို့ အမှတ်မထင်ပြောလိုက်မိသေးတယ်.. ဟိုးအဝေးမှာ ကြွေတဲ့သစ်ရွက်က ဒီဇင်ဘာမို့လို့ အ၀ါရောင်းသန်းတာပါတဲ့... တော်တော်အေးပေမယ့် နေလို့ကောင်းတယ်လို့တော့ သူ့မျက်နှာကိုမော့ကြည့်ပီး တိုးတိုးလေးငြီးမိသေးတယ်... အေးတာကိုနှစ်သက်တယ်မလားလို့ မေးတော့.. ရုတ်တရက် ခေါင်းငြိမ့်မိသေးတယ်... အေးတာကို ကြိုက်ပေမယ့် မအေးချင်ဘူးလို့ ကလေးတစ်ယောက်လိုပြောတော့... မအေးချင်ရင် နွေးအောင်လုပ်ပေးမှာပေါ့တဲ့... တကယ်တော့ သူမသိဘူး... ဘယ်လောက်ပဲအေးတဲ့ ရာသီတစ်ခုဖြစ်ဖြစ် သူ့အကြောင်းတွေးလိုက်ရုံနဲ့ အလိုလိုနွေးထွေးလာတယ်ဆိုတာကို သူသိအောင် ကျွန်မ မပြောဖြစ်ခဲ့ဘူး... မှတ်မှတ်ရရ အဲဒီ့နေ့ကပေါ့ သူကမ်းလာ တဲ့ လက်ကလေးလေးကို ကျွန်မ ပြန်ဆုပ်လိုက်မိတယ်... တကယ်တော့ ကျွန်မတို့နှစ်ယောက်ကြားမှာလေပြေလေးတောင် မနှောင့်ယှက်နိုင်ဘူးဆိုတာကိုပေါ့...

တစ်နေ့နေ့တော့
အချစ်ဆိုတာကို
အချိန်က သက်သေပြလိမ့်မယ်တဲ့
ခဲလည်းမမှန်ဘူးပဲနဲ့
ကျွန်မကကြောက်တယ်..
အချစ်ဆိုတာကို စသိကတည်းက
ခွဲခွာခြင်းဆိုတာကို
မသင်ရပဲ အလွတ်ရနေခဲ့တယ်...

ရုတ်တရက်နိုးထလာတဲ့ မနက်ခင်းတစ်ခုမှာ ကျွန်မချွေးပြိုက်ပြိုက်ကျတယ်... ကျွန်မလက်တစ်ဖက်ကို ပုတ်ချခဲ့တဲ့အဖြစ်က အိမ်မက်တဲ့လား... လေးဖြူရဲ့ အလဲအကွဲသီချင်းကိုကြိုက်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်မ အိမ်မက်ဆိုးတွေ မက်တတ်နေတယ်ဆိုတာ သူသိဖို့ကောင်းပါရဲ့... အချစ်တွေကို အချိန်နဲ့သက်သေပြပါမယ်ဆိုတဲ့စကားတစ်ခွန်းကို မယုံကြည်လို့မဟုတ်ဘူး... ဒါပေမယ့် ကျွန်မအတွက် အချစ်ကို စသိချိန်ကတည်းက ခွဲခွာခြင်းဆိုတာ မသင်ရပဲ အလွတ်ရနေခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့တယ်.. ဒီလိုနဲ့ပေါ့ ကျွန်မက ခဲမမှန်ဖူးပဲနဲ့ အလိုလိုကြောက်တယ်... အိမ်မက်ဆိုးကနိုးတော့ အပြုံးကိုမွေးဖွားဖို့ ချစ်သူကိုသတိတရနဲ့ လွမ်းမိတယ်.. ကျွန်မ အမြဲပြုံူးနေမယ်နော်....

အရာအားလုံးသေဆုံး
အချစ်ကတော့
ရင့်သထက်ရင့်တယ်
ကျွန်မရဲ့ ရှင်သန်ခြင်းက
ကိုကိုလို့ခေါ်တဲ့ ချစ်သူဖြစ်နေခဲ့ပြီး
ကျွန်မရဲ့ အနာဂတ်က
ကိုကို့ရဲ့ လက်တစ်ဖက်ဖြစ်ခဲ့တယ်..

ကျွန်မအရှေ့မှာပဲ... အရာဝတ္တုတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲပျက်စီး... အရာအားလုံးရဲ့ မတည်မြဲခြင်းကိုတွေ့မြင်နေရက်နဲ့ ကျွန်မအချစ်တွေက ရင့်သထက်ရင့်တယ်.. ဘ၀ရဲ့ ရှင်သန်ခြင်းက ရှားရှားပါးပါးချစ်ခဲ့မိတဲ့ ချစ်သူဖြစ်နေခဲ့ပီး ဘ၀ရဲ့ အနာဂတ်က ချစ်သူရဲ့ လက်တစ်ဖက်ဖြစ်နေခဲ့တယ်.. ဒါဟာ ပုံပြင်မဟုတ်ဘူး... Story တစ်ပုဒ်မဟုတ်ဘူး... အချစ်ဆောင်းပါးတစ်ပုဒ်မဟုတ်ခဲ့ဘူး.. အရာအားလုံးကို သက်သေပြစရာ လက်နှစ်ဖက်နဲ့ နှလုံးသားတစ်စုံရှိတယ်... သေဆုံးတဲ့ထိ အနားမှာရှိနေခွင့်ပေးပါဆိုတဲ့ စကားတစ်ခွန်းကိုဖွဖွရွတ်တယ်... ကျွန်မရဲ့ အချစ်တွေက မိုက်ရူးရဲဆန်ကောင်းဆန်ပါလိမ့်မယ်... ဒါပေမယ့် သူရဲကောင်းဘွဲ့တစ်ခုကြောင့်မဟုတ်ဘူး... သိပ်အရူးထတယ်ဆိုတဲ့စကားတစ်ခွန်းအတွက်မဟုတ်ဘူး... နှလုံးသားရဲ့ တောင့်တချက်တစ်ခုကြောင့် ကျွန်မစကားတစ်ခွန်းပြောခဲ့တယ်...

ဆက်ဖတ်ချင်သေးတယ်...

ရာစုသစ်တစ်ခုကိုကြိုဆိုကြ....

Filed under: by:

ရာစုသစ်တစ်ခုကိုကြိုဆိုကြ...
ဟိုနား ဒီနား
ဖွေးဖွေးလှုပ်အပြုံးတွေ...

ဟိုနား ဒီနား... နဲ့
နဲနဲလှမ်းသော ဟိုးမနီးမဝေး...

သက်တံရောင်မဟုတ်သော သက်တံရောင်များ
တစ်ဆစ်ဆစ်နဲ့ကိုက်သော ညကို အဖော်ပြုကြ

မြို့ပြအလှပါလို့ နှုတ်ခမ်းနီမလေးများ...
လျှပ်ပေါ်လော်လီ ဒူးပေါ်ပေါင်ပေါ်မလေးများ...
ရေမရောပဲသောက်မှ ခေတ်မှီသည်ဆိုသူများ...
အကုန်လုံးက တညီတညွှတ်တဲ့
အော်ဟစ်ကြွေးကြော်ကြ....

ဒီနေ့ရဲ့ မနက်ဖြန်ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်...

ငါ...
ဂယောင်ချောက်ခြားအတွေးက...
မနက်ဖြန်ည ဘာလုပ်မှာလဲမေးသူတွေမေးကြ...
ငါ...
ကစဥ့်ကလျားအတွေးများ
မနက်ဖြန်ည....
မနက်ဖြန်ည...
ဒီလိုနဲ့ ဒီညက မိုးစုန်းစုန်းချုပ်သွားရ......
လူအဟောင်းတွေ....
ပြိုင်တူအော်ဟစ်ခဲ့ကြတဲ့ အပျော်ရင့်ရောင်
ရာစုဟောင်းတွေ....
လူအသစ်တွေ
ပြိုင်တူမျှော်လင့်ခဲ့ကြတဲ့ အလင်းနှစ်ရောင်
ရာစုသစ်တွေ....
ဟိုးနားက ဖြူနေတဲ့ အလွှာလေးက ဆောင်း...
ခပ်ပါးပါးလေး လွင့်နေတာက အတွေး...
ပီးတော့
တစုံတယောက်ကို သတိရမိတာက အလွမ်း....
ပြောတယ်.. မနေ့က ဒီလိုအချိန်မှာ ငါက တကယ့်ကိုသစ်လွင်ခဲ့တဲ့သူတဲ့....
ကောင်းကင်ကိုမော့ကြည့်မိ...
ည... အချိန်တန်ရင် စုန်းစုန်းချုပ်ပြဦးမယ့်သူ...
************

ဆက်ဖတ်ချင်သေးတယ်...

ခေတ္တပြန့်ကျဲခြင်း....

Filed under: by:

ငါ မှားခဲ့သလား...
ငါ မမှားခဲ့ဘူးလား....
အကြိမ်ကြိမ် ယမ်းခါးနေသော ဦးခေါင်းတစ်ခုသည် အမှားအမှန်တစ်ခုကို ဖော်ညွှန်းပေးမယ့် ပြယုဂ်တစ်ခုမဟုတ်ခဲ့....

အချင်းချင်းဆုတ်ချေနေသော လက်ကလေးနှစ်ဖက်ကလေး ဘယ်အရာကိုမှ နှစ်သိမ့်မှုမပေးနိုင်ခဲ့...

ကျွန်မလိုအပ်နေသောအရာသည်လည်းကောင်း လိုချင်နေခဲ့သော အရာသည်လည်း...

အချင်းချင်း ခလုတ်တိုက်နေသော ခြေထောက်နှစ်ချောင်းမဟုတ်ခဲ့ ....
ဘယ်လှမ်းရင် ဘယ်သာဖြစ်စေလျက် ညာလှမ်းရင် ညာသာဖြစ်စေခဲ့သော ကျွန်မခြေထောက်လေးများ မငြိမ်သက်တော့သော အခါ....

မျက်ဝန်းကလေးများသည် လှုပ်လီလှုပ်လဲ့... ဘယ်အရာကိုအမှန်ဟု.... သူတွေးရန်မခက်ပါ....
သို့သော်....
အဆိုပါ မငြိမ်သက်သော မျက်ဝန်းလေးများသည်... အရာအားလုံးကို ယုံစားရန် (သို့) ယုံပေးရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သည်....

မနိမ့်မမြင့် ပုံမှန်ခုန်နေသော နှလုံးသားလေးသည်... နွေးထွေးအေးစက်နေသည်မှာ....

ဘယ်အရာမှ မတားဆီးချင်သော ကျွန်မနှုတ်ခမ်းလေးများ...
ဘယ်အရာကိုမှ မချုပ်ကိုင်ချင်သော ကျွန်မဦးနှောက်များ....
ဘယ်အရာကိုမှ မငြင်းဆန်လိုသော ကျွန်မလက်ကလေးများ...
ဘယ်အရာကိုမှ မတွေဝေချင်ခဲ့သော ကျွန်မ ခြေထောက်ကလေးများ ...

အပြေးမသွားပဲ... ရောက်နှင့်နေသော ခရီးတစ်ခုလည်းမရှိခဲ့....
သွားပါများ ခြေထောက်ညောင်းရတဲ့ အဖြစ်တွေလည်း.... မရှိခဲ့...

ဘာလို့ ဒီလိုတွေဖြစ်ခဲ့ရသလဲ....
ဘာအတွက်ကြောင့် ဒီလိုအဖြစ်တွေရှိခဲ့ရသလဲ...
ဘယ်လိုရည်ရွယ်ချက်တွေကြောင့်လည်း ....
ဘာကိုလိုချင်နေခဲ့တာလည်း...
ငါ ...
ဘာလုပ်ပေးရမလဲ...

ရည်ရွယ်ချက်တွေရှိရဲ့နဲ့ လမ်းပျောက်နေခဲ့သော ကျွန်မအဖြစ်များသည်...

ကျွန်မပြောချင်ခဲ့သော စကားလုံးများ...
ကျွန်မပြောရန်ရည်ရွယ်ခဲ့သော စကားလုံးများ...
ကျွန်မ မပြောရက်ခဲ့သော စကားလုံးများ...
ကျွန်မပြောမထွက်ခဲ့သော စကားလုံးများ.....
အရာအားလုံးသည်... အတွေးစုတစ်ခုမှ ဖြာထွက်၍ ပြန့်ကျဲနေခဲ့သည်...
တစ်စစီကောက်ရန်မလွယ်ခဲ့သော စကားလုံးများထဲတွင်...
ကျွန်မနှလုံးသွေးကြောများ စီးဆင်းနေခဲ့သည်....

ကျွန်မ၏ စစ်မှန်ခြင်းများကို ချပြရန်... အမှန်တရားများ အတုန်းအရုန်းကျဆုံးနေခဲ့သည်...
ကျွန်မ၏ မျှော်ခင့်ခြင်းများကို ခင်းကျင်းပြသရန်... ကျွန်မအနာဂတ်များ... အိပ်မောကျနေခဲ့သည်....
ကျွန်မ၏ ချစ်ခြင်းတရားများကို ပေါင်းစီးရန် ကျွန်မသံယောဇဉ်များ... ဖောက်လွှဲဖောက်ပြန်ဖြစ်နေခဲ့သည်...

ဤသို့ဖြင့်...

ယုံကြည်ခြင်းများအားလုံးသည်.... မျက်မမြင်တစ်ယောက်၏ အရောင်ညှိနှိုင်းမှုကဲ့သို့....မသေချာခြင်းများ ထုဆစ်ယူကြသည်...

ဤသို့ဖြင့်...

အရိပ်မလိုချင်သော်လည်း... နေပူပူတွင် ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက် မစောင့်ဆိုင်းချင်ခဲ့သော အချိန်များကား.... အလျိုလျို ရောက်လာခဲ့ပြန်သည်...

၁)

မဟာပထ၀ီမြေကြီး....
သင်ကား.... သင့်အတိုင်းနေလေလော့....
အရာအားလုံးသည်ကား.... ပုံမှန်အတိုင်း သင့်အား အသုံးပြုကြအံ့....

၂)

အပြာရောင်ကဲ့သို့ ကြည်လင်နေသော ရေများလည်း....
သင်တို့အတိုင်းသာလျှင် သင်တို့ စီးဆင်းကြပေလော့...
အရာအားလုံးသည်ကား... ပုံမှန်အတိုင်း သင့်အား အသုံးပြုကြအံ့....

၃)

အရာအားလုံးကို ဆင်ခြင်သုံးသပ်နိုင်သော သစ်ပင်ကလေးများ...
သင်တို့သည်လည်း သင်တို့အတိုင်းသာလျှင် ရှင်သန်ကြပေလော့...
အရာအားလုံးသည်ကား..... ပုံမှန်အတိုင်း... သင့်အား အသုံးပြုကြအံ့.....

အပြာရောင်မိုးသားကလေးများကား..... ကြည်လင်တောက်ပနေခဲ့သည်....
ကျွန်မ အတွေးလေးများက အဖြူရောင်သက်သက်သာ....
အနီရင့်ရောင် စိတ်ဓါတ်တစ်ခုကို.... မလိုအပ်ပဲ... ကျွန်မထုတ်မသုံးချင်ခဲ့သောအခါ်....
အစိမ်းရောင်လွင်ပြင်တစ်ခုက.... ကျွန်မအနီးမှ ဝေးဝေးသွားခဲ့သည်........

ကျွန်မသည်
တခါတရံ မုဆိုးဖြစ်လိုက်.... တခါတရံမက သားကောင်ဖြစ်ခဲ့ဖူးသည်....

ထို့နောက် ...

ကျွန်မသည်...
တခါတရံတွင် မှန်တတ်ခဲ့သလို.... တခါတရံမက မှားတတ်ခဲ့ဖူးပါသည်...

ဆက်ဖတ်ချင်သေးတယ်...

အပ်ပေါက်ရာများ....

Filed under: by:

အပြုံးတွေ မိုးသီးမိုးပေါက်တွေလို ကြွေကြွေချ....
တဆတ်ဆတ် တုန်ရီနေတဲ့ လက်ကလေးက ချမ်းအေးမှုကြောင့် ဖြစ်နိုင်ပါရဲ့....
ကမ်းစပ်ကိုတက်မလာတဲ့ ခွပ်လှိုင်းလေးတွေကြားမှာ.... ငါ့ မာန်မာနများ... မျောမျောကျ....
တကယ်တော့... အရာအားလုံးက ဟိုး... မိုးပေါ်က ရွာချလာတဲ့မိုးစက်ကလေးတွေလို့.... မြင်သာမြင်လိုက်ရတယ် အရာထင်မှုတွေပျောက်ဆုံး.... ငါ့မျက်စိရှေ့ကတင် ဝေးးးး.......ဝေးးးး .... သွားပါတော့တယ်.....

ခြေထောက်ကလေးထိုးခံပြီး ဆောက်ထားတဲ့ သဲအိမ်ကလေးက မတည်မြဲခဲ့တာ အပစ်မရှိပါဘူးနော်... ငါ လိုသလိုပုံမသွင်းခဲ့ဖူး... ငါ့သဲအိမ်ကလေး ပျက်စီးမှာကို ငါသိတယ်... ဒီတော့ ခြေထောက်ကလေးကို မလှုပ်ဖူး... ငါ့ သဲအိမ်ကလေးကိုပေါ့ ငြိမ်ငြိမ်လေးပါပဲ.... ငါ... ကြည့်နေပါရစေ....

လောဘဒေါသမောဟ ချုပ်ငြိမ်းရာကို ငြိမ်းချမ်းခြင်းလို့ခေါ်သတဲ့.... ငါ့မှာ အရာအားလုံးအတွက် အကြိမ်ကြိမ် ဒူးထောက် လက်မြှောက်ခြေနင်းဘက်ရောက်နေတဲ့ စိတ်တွေကို ခြေနင်းဘက်မှာပဲထားခဲ့.... ဘာလို့ မြေနိမ့်ရာကိုမှ လှံတွေစိုက်ထိုးခဲ့ကြသလဲ.... ရှုံးပြီးရင်းရှုံးနေတဲ့ အရှုံးသမားအတွက် လှောင်ပြောင်သရော်မှု ပန်းကုန်းတွေ အလီလီစွပ်ခဲ့... ငါ မသယ်နိုင်လောက် ငါ့အရှုံးတွေ အနိုင်ရနေလိုက်တာ.... မောလှပါပီလို့မငြင်းရဲခဲ့.... တကယ်တော့ ငါ တော်တော်ကြီး မောနေခဲ့ပါပြီ......

နင်မှားခဲ့တယ်... မဟုတ်ဘူး... နင်မှန်ပါတယ်...

အမှားအမှန်တစ်ခုအတွက် လောကကိုရပ်တည်နေတဲ့သူ ငါမဟုတ်ပါဘူးကွယ်... ငါက ငါလုပ်နိုင်တာလေးကိုလုပ်ပြီး ငါ့ခြေထောက်ပေါ် ငါရပ်လုရပ်ခင် အနိုင်နိုင်ထိန်းမတ်နေရတဲ့ သူတစ်ယောက်ပေါ့... ဘ၀မှာ အခါးဆိုတာထက်ခါးတာတွေလည်း မျိုမျိုချခဲ့.... အခါးကိုဖြေဖို့ အချဉ်ကိုလည်း စားသုံးသင့်ရင်စားသုံးခဲ့... တခါတရံ ငါမဟုတ်တဲ့သူတွေသောက်သုံးတဲ့ အချိုဆိုတာတွေကိုလည်း မျှော်ကြည့်ခဲ့ဖူးပါတယ်.... ဒီလိုနဲ့ ခါးသက်မှုတွေကြားမှာ မျောလွင့်နေတဲ့ အချိုဓါတ်လေးဟာ ....

ပါးရိုက်လို့ နားကိုက်မယ်ဆိုတဲ့ စကားပုံတစ်ခုကို ခပ်တည်တည်ရပ်ကြည့်ဖူးတယ်... လောကမှာ လုပ်ချင်တာလုပ်ခွင့်ရလောက်အောင် ငါ့စိတ်တွေက ဘာလို့မလွတ်လပ်ခဲ့တာလည်း.... လူတစ်ကာချစ်တဲ့ တည်ငြိမ်ရင့်ကျက်မှုလေးတစ်ခုရဖို့ ငါဘယ်လောက်ချုပ်တည်းခဲ့ရဖူးသလဲ... အရာအားလုံးနဲ့ သင့်တင့်အောင် နေထိုင်နိုင်ဖို့ ငါဘယ်လောက် သည်းခံခဲ့ရဖူးသလဲ...

လောကမှာ လူတိုင်းနဲ့သင့်တင့်အောင် နေထိုင်နိုင်မယ့် နည်းလမ်းတစ်ခုကိုပေးမယ်....

လူဆိုတဲ့ အမျိုးက ကိုယ်ထက်နောက်ကျနေတဲ့သူ ကိုယ့်ထက် ရှုံးနိမ့်နေတဲ့သူ ကိုယ့်ထက်ဆင်းရဲတဲ့သူ ကိုယ့်လောက်မအောင်မြင်တဲ့သူ ကိုယ့်ကိုအောက်ကျို့တဲ့သူ ကိုယ့်ကိုခယတဲ့သူ အရာရာအားလုံးပေါ့ ကိုယ့်ထက်နိမ့်ကျနေတဲ့သူ ကိုယ့်ကိုအနိမ့်ကျခံတဲ့သူကိုမှ စိတ်သင့်တင့်လေ့ရှိတတ်ကြတယ်....

ဒီတော့ အားလုံးနဲ့ သင့်တင့်အောင် အချိုးညီအောင် နေထိုင်ချင်ပြီ နေထိုင်လိုတယ်ဆိုရင်ပေါ့လေ...

ဒူးထောက်ထားလိုက်ပါ.... သိရင်လည်း မသိသလိုနေပါ... အောင်မြင်နေရင် ရှုံနိမ့်သလိုနေပါ... ပိုက်ဆံရှိရင် မရှိသလိုနေပါ... ရှည်ရှည်ဝေးဝေးပြောရရင် ဆန့်ကျင်ဘက်နေပါ.... လက်ရှိကိုဆန့်ကျင်ပြီးနေရင် စိတ်သွားတိုင်းကိုယ်ပါ ခင်မင်ချင်သူတွေပေါပါလိမ့်မယ်....

မင်းခိုက်စိုးစန် ရဲ့ စုန်းက ငါ့ခန္ဓာမှာပါ ၀င်ရောက်ပူး..... ငါသည် စုန်းစစ်စစ်တစ်ကောင်သာလျှင်ဖြစ်ခဲ့.... ငါလိုချင်တဲ့အရာတွေကတော့ ငါနဲ့ တဖြည်းဖြည်းဝေးးးးးးးးးးးးးးးးးး သွား................. ခဲ့...........တယ်.....

မျက်ရည်မကျပဲ လွမ်းရတဲ့ အလွမ်းတွေက ပိုပြီးနက်ရှိုင်းတယ်ဆိုယုံမလား.... မျက်လုံးနဲ့ ငိုတာထက် ရင်ဘတ်ထဲက ငိုဖို့က ပိုခက်ပါတယ်......

နှုတ်ခမ်းကထွက်တဲ့စကားလုံးတွေထက် ရင်ဘတ်ထဲက စကားတွေက ပိုစစ်တယ်....

ခေါင်းခါ ခေါင်းညိမ့်ရုံနဲ့ အသိတစ်ခုကို အသိအမှတ်ပြူတတ်ကြတယ်.... ငါ့ဦးနှောက်ထဲမှာ ငါ..... ခေါင်းညိမ့်နေခဲ့သလား.... ငါ... ခေါင်းခါနေခဲ့သလား.....

ကျောချချ မချချ ဓါးပြဆိုရင်တော့ ငါမသိချင်တာ အမှန်ပါ....

ခါးသီးလိုက်တာ...

ခါးသီးလိုက်တာ....

ခါးသီးရင်းအေးစက်လာတဲ့ အရာတွေက ......

အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဘာကိုမှမတွေးပါရစေနဲ့တော့....

ပြီးတော့.....

ဘာကိုမှလည်းမရေးပါရစေနဲ့တော့.....

နောက်ပြီးတော့...

ဘာကိုမှမသိပါရစေနဲ့တော့....

ထပ်ပြီးတော့ပြောမယ်......

ရောက်လေရာဘ၀တိုင်း၌ မသိမမြင်မကြားမတွေးတတ်သောသူသာ ဖြစ်ရပါစေလို၏ဘုရား.......................

နောက်ဆုံးမှာတော့.... အရာအားလုံးက..............ဟိုးးးးးးးးးးးးး............... အဝေးဆုံးမှာ....................... ပျောက်ကွယ်....................... တဖြေးဖြေး........................ ဝေးးးးးးးး.............ဝေးးးးးးး..............ဝေးးးးးးးးးးး...............သွားပါတော့တယ်.....

ဆက်ဖတ်ချင်သေးတယ်...